INTRODUCTION TO EARTHQUAKE ENGINEERING
Introduction to Earthquake Engineering How Earthquake Occurs and How Buildings are destroyed ကမ္ဘာ့မြေ အပေါ်ယံလွှာဟာ Plate ပြား အကြီးတွေနဲ့ ပုံ (၁) ပါအတိုင်း ဖွဲစည်း တည်ဆောက် ထားပါတယ်။ အဲဒီ Plates တွေကို Tectonic Plates တွေလို့ခေါ်ပြီး ကမ္ဘာမြေလည်ပတ်မှုနဲ့ ကမ္ဘာ့အတွင်းပိုင်းက ကျောက်ရည်ပူတွေရဲ့ စီးဆင်းမှုအားတွေက ဒီ Tectonic Plate တွေကို ရွေ့လျားမှုနဲ့ တစ်ခုနဲ့တစ်ခု တွန်းကန်ပွတ်ဆွဲတာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ရဲ့ အနားသတ်နေရာတွေမှာ ပွတ်တိုက်မှုအားက plate တစ်ခုနဲ့တစ်ခု ရွေ့လျားမသွားနိုင်အောင် ချုပ်ထား Lock လုပ်ထားတဲ့ပုံစံမျိုး ဖြစ်ပေါ်နေပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ရာထောင်ချီ ကြာလာတဲ့အခါ အဲဒီ plate ပြားတွေရဲ့ အနားသတ်နေရာတွေမှာ stress အားတွေ ဖြစ်ပေါ်လာပါတယ်။ ရံဖန်ရံခါမှာ ဒီ Stress အားတွေဟာ ချုပ်ထားတဲ့ ပွတ်တိုက်မှု friction အားတွေကို ကျော်လွန်တာ၊ ဒါမှမဟုတ် ကျောက်လွှာရဲ့ ခံနိုင်ရည်အားတွေကို ကျော်လွန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အဲဒီ overstress ဖြစ်တဲ့နေရာတွေမှာ ကျောက်လွှာတွေပြတ်ထွက်ကုန်ပြီး Stress တွေကနေ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်တာမျိုးဖြစ်ပေ...
Comments
Post a Comment