"လမ်းများ၏ ပုံသေကားချပ်အတတ်ပညာအား........တီးခေါက်ခြင်း

"လမ်းများ၏ ပုံသေကားချပ်အတတ်ပညာအား........တီးခေါက်ခြင်း
လမ်းတည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အဓိကအားဖြင့် အောက်ပါ ဆောင်ရွက်ချက်တို့သည် အရေးကြီးသည်ဟု သတ်မှတ်ပါသည်။ ၁. ကနဦး မြေပြင် တိုင်းတာရေးလုပ်ငန်း (soil topographic survey and soil investigation) ၂. သင့်လျော်ညီညွှတ်သော လမ်းဒီဇိုင်းအား ရေးဆွဲခြင်း (Geometric and structural design) ၃. လမ်းဒီဇိုင်းလိုအပ်ချက်များနှင့် အညီ လမ်းတည်ဆောက်ခြင်း (Construction agreed with design requirements) ၁. ကနဦး မြေပြင်တိုင်းတာရေးလုပ်ငန်း ***************************** - ၎င်းလုပ်ငန်းသည် မြေပြင်ရှိ မြေမျက်နှာသွင်ပြင်အား သင့်တင့်သော level နှင့် Grading များရရှိရန် soil survey တိုင်းတာခြင်း နှင့် လက်ရှိလမ်းသား၏ အောက်ခံမြေ အမျိုးအစား၊ ယင်း အလွှာ အင်အား၊ သင့်တင့်သော selected soil အမျိုးအစားများရှိမရှိ သိရှိစေရန် ကွင်းဆင်း၍ ဆောင်ရွက်ရသော soil investigation အပိုင်းဖြစ်သည်။ များသောအားဖြင့် soil investigation အပိုင်းသည် မြေသားဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် Geotechnical Engineer များနှင့် အများဆုံးသက်ဆိုင်ပေသည်။ ကွင်းအတွင်း မြေသားနမူနာများအား ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် မြေနမူနာ ယူရာ၌ အမျိုးမျိုး အဖုံဖုံ ကွဲလွဲကာ ယူဆောင်၍ မရပါ။ နိုင်ငံတကာ စံညွှန်းခေါ်သော ASTM Standard၊ BS Standard များနှင့် အညီ စုဆောင်းရပါမည်။ ဥပမာအားဖြင့် ကွင်းအတွင်း အောက်ခံ မြေသား Existing soil စုဆောင်းရာ၌ အနည်းဆုံး ၆ လက်မမှ ၁ ပေကြားရှိ အပေါ်ယံ သစ်မြစ်များရောယှက်သည့် အပိုင်း Top soil အားဖယ်ထုတ်ပြီးမှသာ စုဆောင်းသင့်ပေသည်။ တခါတရံ၌ မြေသား ခြေကျင်လမ်းများ ဖောက်လုပ်ပြီးအပိုင်းများ၌ ကွင်းစုဆောင်းသူ၏ ပေါ့ဆမှုကြောင့် အောက်ခံမြေသားအထင်ဖြင့် ကျောက်စရစ် ရောနေသောမြေများပါလာတတ်ပေသည်။ အမှန်တကယ်တွင် ဒေသတွင့်နေထိုင်သူမှ ခြေကျင်သွားလာ မှုအဆင်ပြေစေရန် ရွံသော်လည်ကောင်း၊ နှုံးဆန်သောမြေပေါ်တွင်လည်းကောင်း ကျောက်စရစ်များ တခြားတနေရာမှ ကျောက်ဗြုန်းမြေများ ဖြန့်ခင်းထားတတ်ကြသည်။ ထိုသို့မမှားရန်အရေးကြီးပေသည်။ ထိုသို့သေချာစေရန် စစ်ဆေးရာ၌ အနည်းဆုံး အပေါ်ယံမျက်နှာပြင်မှ အောက်ဘက် ၃ ပေ အနက်ထိ ကြည်ရှု့စစ်ဆေး ရယူသင့်ပေသည်။ (သက်ဆိုင်ရာ Standards များနှင့် ယင်းတို့အကြောင်းကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါမည်။ - လမ်းဆိုသည်မှာ တည်ငြိမ်သောမြေပြင်ပေါ်တွင် အမာခံပြုလုပ်၍ တနေရာနှင့် တနေရာ ဆက်သွယ် သွားလာရသော မြေပြင်အသုံးပြုမှုဖြစ်သည်။ ထိုသို့အသုံးပြုရာ၌ အသုံးပြုသူ၏ အလေးချိန်သည် ကမ္ဘာ့မြေစွဲအားနှင့် အညီ အောက်ဘက်ရှိ လမ်းသားလွှာပေါ်သို့ တိုက်ရိုက် သက်ရောက်သည်။ ထို သက်ရောက်ဝန်အား အောက်ဘက်ရှိ လမ်းသားလွှာများက အဆင့်ဆင့်ထိန်းကြရသည်။ လက်ခံရယူထားသော ဝန်များကို တဆင့်ပြန်လည် ပြောင်းရွှေ့ကာ ပူပေါင်းထမ်းဆောင်ကြရသည်။ ယင်းသို့သော အောက်ခံအပိုင်းအား Foundation ဟုခေါ်သည်။ Foundation တွင် နှစ်မျိုးနှစ်စား ဖြင့် အဓိကထားသည်။ တိမ်သော အောက်ခံပိုင်း Shallow Foundation နှင့် ပို၍နက်သော အောက်ခံအပိုင်း Deep Foundation ဟူ၍ ဖြစ်သည်။ လမ်းသားလွှာသည် Shallow Foundation ကိုသာ စဉ်းစားရန်လိုသည် (ချွင်းချက် အနေဖြင့် ရွှံ့ နွံ့တောများနှင့် အခြား မြေသားပြုပြင်ခြင်း Ground Improvement လုပ်ရန်လိုအပ်သောနေရာများမှလွ၍)။ ယင်း Shallow အပိုင်းတွင် အပေါ်ယံ ၃ ပေ အပိုင်းကို အဓိကထား၍ လမ်းတည်ဆောက်ရာတွင် စဉ်းစားသည်။ ထို့ကြောင့် ကွင်းအတွင်းရှိ အောက်ခံမြေသား ၏ အလွှာ အင်အား တိုင်းတာရာတွင် အပေါ်ယံသုံးပေအား အဓိကထား တိုင်းတာရသည်။ လမ်းသားများသည် ကျရောက်သော အလေးဝန်အား တောင့်ခံသော Compressive strength ကို မူတည်ကာစဉ်းသည်။ ယင်းကို လမ်းတည်ဆောက်သည့်အတတ်ပညာအရ ကိုယ်စားပြု အလွှာ အင်အား CBR တန်ဖိုး ဖြင့် ပြောင်းလဲ သတ်မှတ်သည်။ - CBR နှစ်မျိုးရှိသည် ကွင်း CBR နှင့် ဓာတ်ခွဲခန်း CBR ဖြစ်သည်။ CBR သည် ရာခိုင်နှုန်းဖြင့် ဖော်ပြသည်။ စံသတ်မှတ်ထားသော ကနဦး ကျောက်တစ်မျိုး၏ ရာခိုင်နှုန်းဖြစ်သည်။ လွယ်လွယ်ဆိုရလျှင် ယင်းကျောက်အား ရာနှုန်းပြည့်ထား၍ ကျန်စမ်းသပ် မြေသားများ၏ အင်အားကို အချိုးချခြင်းဖြစ်သည်။ CBR = (Tested soil strength/Standard Crushed Rock) x 100 % ဓာတ်ခွဲခန်း CBR သည် ဒဏ်အား Stress ကြောင့်ဖြစ်ပေါ်လာသော ဒဏ်နာ Strain ကို စားခြင့်ဖြင့် ရရှိသော တန်ဖိုးအား အခြား Factor များဖြင့် တဆင့်ချင်းတွက်ထုတ်ယူရသည်။ ကွင်း CBR တိုင်းတာရာတွင် ကွင်းအတွင်း၌ မြေသား တိုက်ရိုက်ဖောက်ထွင်း ကိရိယာ Dynamic Cone Penetration (DCP) ဖြင့်သော်လည်းကောင်း၊ Field CBR စက်ဖြင့်သော်လည်းကောင်း တိုင်းတာ ရရှိနိုင်သည်။ ယင်းအလွှာ၏ CBR အင်အား သတ်မှတ်ရာတွင်လည်း DCP Test မှရရှိသော mm/blow နှင့် CBR ဆက်သွယ်ချက်၏ အခြေအနေ၊ Field CBR Test ၏ အခြေအနေများနှင့် ကွင်းမျက်မြင် အခြေအနေများစွာ စပ်လျဉ်းပြီးမှသာ လက်ရှိအောက်ခံ အလွှာ အင်အား သတ်မှတ်သင့်သည်။ "DCP Test တစ်မျိုးတည်းဖြင့် စမ်းသပ်ခြင်းမှ ရရှိလာသော CBR သည် မှီခိုအားထားနိုင်သော အလွှာ အင်အား ထောက်လှမ်းရန် မစွမ်းနိုင်ပါ။" အင်မတန် သတိကြီးသင့်ပေသည်။ DCP Test နှင့် Field CBR Test များသည် စံညွှန်းသတ်မှတ်ချက်များအရ လမ်းအူကြောင်း တလျောက် ၁၆၅ ပေကြား ပတ်ဝန်းကျင် စမ်းသပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

#Credit

Comments

Popular posts from this blog

မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (၁)

မြေတူးနည်း(၁၀)နည်း