မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (၁)
Basically Introduction To Theory Of Survey
ဘယ်အဆောက်ဦးမှ မြေကြီးနဲ့ ကင်းကွာလို့မရပါဘူး Civil Engineering ဘာသာရပ်တွေထဲမှာ Survey ကို မြေတိုင်းတဲ့ဘာသာရပ်အဖြစ်လူသိများပါတယ် တကယ်တော့ Survey ဆိုတာ ကိုယ်မသိသေးတဲ့ အရာတစ်ခုကိုသိအောင်လုပ်တာ
ဒါကြောင့် မြေတိုင်းတာနဲ့ ပတ်သတ်ရင် survey ဆိုတာ ကိုယ်မသိသေးတဲ့ အတိုင်းတာတွေကို သိအောင်လုပ်တာ ဒီလိုဘာသာပြန်လို့ရပါတယ်
survey ဘာသာဟာ အင်ဂျင်နီယာ ဘာသာရပ်တွေထဲမှာ အခက်ဆုံးပါ survey ကျွမ်းကျင်ဖို့ဆိုရင် ကိုယ့်ရဲ့ သင်္ချာအဆင့်တန်းက သင်္ချာပညာရှင် နီးပါးရှိရပါမယ် ကြယ်တွေရဲ့ တည်နေရာ ကမ္ဘာမြေကြီးလည်ပတ်ပုံ လတ္တီကျူး လောဂျီကျူးစတာတွေကိုသိဖို့ Astronomy ကိုလည်းကျွမ်းကျင်ရပါမယ် ဒီနေရာမှာ လူအများစု မသိလို့ မှားကြတာက
Astronomy = နက္ခတဗေဒ = survey အတွက်သုံးတယ် (Astrology မဟုတ် )
နောက်ပြီး နောက်တစ်ချက်အရေးကြီးဆုံးက နောက်ဆုံးပေါ်တဲ့ နည်းပညာ instrument တွေ စတဲ့ အရာတွေအားလုံးနဲ့လည်း up-to-date ဖြစ်နေရပါမယ် နည်းပညာတိုးတက်လာတာနဲ့အမျှ လူကြောင့်ဖြစ်တဲ့ အမှားကနည်းလာပေမဲ့ အဓိက သင့်ထားသင့်တဲ့ principle လေးတွေတော့ သိထားသင့်ပါတယ် civil engineer တစ်ယောက်အနေနဲ့ survey က မဖြစ်မနေ သိထားသင့်တဲ့ဘာသာရပ်ထဲမှာတော့မပါဘူး ဒါပေမဲ့ basic knowledge ကတော့ ရှိရမှာပေါ့လေ
ဒီနေရာမှာ ကျတော့်စာကို လူတိုင်းနားလည်နိုင်တယ်လို့ ပေးထာတာက ကျတော်ကိုယ်တိုင်က survey ကို အခြေခံလောက်ပဲ နားလည်ထားလို့ပါ
ကျတော်တို့သင်ခဲ့တဲ့ စနစ်ဟောင်းမှာတော့ survey ကို ပထမနှစ်နဲ့ တတိယနှစ် စုစုပေါင်း ၂ နှစ်သင်ရပါတယ် ပထမနှစ်မှာက survey အမည်နဲ့ပါ တတိယနှစ်မှာတော့ Astronomy အမည်နဲ့ပါ ကျတော် အပိုင်း ၂ ပိုင်းခွဲရေးပါမယ် အစကတော့ အပိုင်း ၅ ထိရေးမလို့ပါ
ကျတော့် မှတ်စုစာအုပ်ကို တခြားတစ်ယောက်ပေးလိုက်လို့ပါ အပိုင်း ၅ ထိရေးနိုင်ရင်တော့ ကျောင်းမှာ သင်ခဲ့သမျှကုန်ပါပြီ ဒါပေမဲ့ Semester တစ်ခုစာလောက်တော့ ရပါတယ်
ဒီတိုင်းသမရိုးကျရေးနေရင် ဆွဲဆောင်မူ့မရှိမှာစိုးလို့ အမေးအဖြေလေးနဲ့ရေးပါမယ်
.............................................
Survey ကဘာတွေလည်း ? ? ?
အခြေခံအားဖြင့် survey မှာ အပိုင်း ၂ ပိုင်းရှိပါတယ် ကမ္ဘာမြေကြိးကို ပြင်ညီတစ်ခုအဖြစ်ယူဆပြီး တိုင်းတဲ့ plane survey နဲ့ ကမ္ဘာမြေကြီးက ခုံးနေတယ်လို့ ယူဆပြိး အခုံးအတိုင်းတိုင်းရတဲ့ Geodesic Survey ၊ အခုက Plane survey ကိုဦးစားပေးပြီးရေးသွားပါမယ်
Area က သေးနေရင် Plane survey အဖြစ်ယူဆပြိးတိုင်းလို့ရတယ် Area က အရမ်းကြီးရင်တော့ geodesic အဖြစ်နဲ့ဘဲတိုင်းရတယ် Plane အဖြစ်ယူဆပြီး တိုင်းလို့မရတော့ပါဘူး
ဒီနေရာမှာ လူအများဆုံးမှားပြီးမသိကြတာက
Geology - Earth မြေကြီးကိုလေ့လာတာ
Geography - ပုံစံကိုလေ့လာတာ
Geometry - မြေတိုင်းပညာရပ် Egypt ကနေလာတယ်
....................................................
Geometry ဆိုတာဘာလည်း ?
Geometry ဟာ Geo(မြေကြိး) Measure ( တိုင်းတာခြင်း ) ဆိုတဲ့ ခေါမ ( Greek ) စာလုံး ဂျီသြမီတာ ကနေဆင်းသက်လာခြင်းဖြစ်ပါတယ် ရှေးခေတ်လူသားများက လက်တွေ့ဘ၀တွေမှာ အကွာအဝေးများကိုတိုင်းတာရန် အဆောက်အအုံများ ရေးဆွဲရန်စသဖြင့် အသုံးဝင်တဲ့ ဥပဒေများကို ဖော်ထုတ်ခဲ့ပါတယ် အဲ့ဒီဥပဒေက လက်ရှိ ဂျီသြေမေတြီပညာရဲ့ အခြေခံအစိတ်အပိုင်းများဖြစ်ပါတယ် ဒီအကြောင်းကို ပဉ္ဇမတန်း သင်္ချာအတွဲ ၂ မှာရေးထားပါတယ်
..............................................
Survey ဘယ်လိုတိုင်းမှာလည်း ဘာတွေတိုင်းကြမှာလည်း ??
Survey တိုင်းတဲ့နေရ့ာမှာ အဆင့် ၂ ဆင့်ရှိတယ်
ပထမက-ကွင်းဆင်းပြီးတိုင်းတာပုံဆွဲ( Field Work to Office Work)
ဒုတိယက - ရလာတဲ့ပုံကို မြေပြင်မှာ ပြန်ဆွဲတာ (Office Work to Field Work)
Survey ကိုပုံစံနှစ်မျိုးနဲ့ ခွဲခြားသတ်မှတ်ကြပါတယ် ပထမက အသုံးပြုမှု့အပေါ်မူတည်ပြီးခွဲတယ်
ဥပမာ----
Reconnaissance survey - အကြိုကင်းထောက်တဲ့အခါမှာသုံးတယ်
City Survey - မြို့ကြီးရဲ့ service
Land Survey - မြို့ပြင် လယ်ကွင်းယာကွင်းတွေကို တိုင်းတာခြင်း
Topographic survey - Topography - Topographic map လမ်းဖောက်တဲ့နေရာမှာသုံးတယ်
Photogrammetry Survey - ကောင်းကင်ကနေ လေယဉ်ပျံပြီး ဓါတ်ပုံရိုက် တခါထဲမြေပုံဆွဲပြီး မြေတိုင်းတာ
.........................................
နောက်တစ်မျိုးက survey ကို ကိုယ်သုံးတဲ့ ပစ္စည်း instruments ပေါ်မူတည်ပြီးခွဲကြတာ
ဥပမာ Theodolite နဲ့ တိုင်းရင် Theodolite survey
Chain နဲ့ တိုင်းရင် Chain survey , GPS ဆိုရင် GPS survey အစရှိသဖြင့်ပေါ့
နောက်မေးခွန်းတစ်ခုက ဘာတွေတိုင်းမှာလည်းဆိုတဲ့နေရာမှာ survey ကို ဘယ်လိုတိုင်းတိုင်း ဘာနဲ့ ဘဲတိုင်းတိုင်း တိုင်းတာမှု နှစ်မျိုးအမြဲတန်းလုပ်ပါတယ်
.........................................
Distance တိုင်းတာခြင်း - Distance မှာ horizontal distance ရှိတယ် Vertical distance ရှိတယ် Vertical Distance တိုင်းတာကို Levelling လို့ခေါ်ပါတယ်
Angle တိုင်းတာခြင်း - Angle မှာလည်း Horizontal တိုင်းတာရှိတယ် Vertical တိုင်းတာရှိတယ် Horizontal ဆိုရင် Left and right ရှိပြီး vertical မှာဆိုရင်တော့ အပေါ်တက်တာနဲ့ အောက်ကိုဆင်းတဲ့ + Or - Grade ဆိုပြီးရှိပါတယ်
.......................................
" Survey ရဲ့ Basic Principle ၄ ခုက ဘာတွေလည်း "
ကျတော်အဓိကရေးချင်တဲ့အပိုင်းက ဒီအပိုင်းပါ ဒါကို Survey ရဲ့ အသက်လို့တောင်ပြောလို့ရပါတယ်
1.Intersection - မြေပြင်မှာရှိတဲ့ အမှတ်သားတွေကိုရှာတာ အမှတ်တစ်ခုရဲ့ တည်နေရာကိုပြောဖို့ဆိုရင် အမှတ်နှစ်ခုရဲ့ အမှတ်သားနဲ့ ညွှန်းဖို့လိုပါတယ် အဲ့လိုညွှန်းနိုင်ဖို့ဆိုရင် Point တစ်ခုဟာ အနည်းဆုံး မရွေ့လျားနိုင်တဲ့ အမှတ်၂ခု လိုပါတယ် ဒါဟာ Plane မှာပါ
Space မှာဆိုရင် သုံးခုထက်ပိုရပါမယ် ဒါနဲ့ တစ်ဆက်ထည်းပြောချင်တာက Resection ဆိုတဲ့ ဝေါဟာရပါ ဒါကဘာပြောတာလည်းဆိုတော့ ကိုယ်တိုင်းတာ မှန်မမှန်ဆိုတာကို အဲ့အမှတ်ရဲ့ တည်နေရာကို တခြားအမှတ်တစ်ခုရဲ့ တည်နေရာကိုကြည့်ပြီးမှဆုံးဖြတ်တယ်
ဥပမာ - ရန်ကုန်မြို့၏တည်နေရာကိုအတည်ပြုချင်ရင် မန်းလေးမြို့ကနေ ဘယ်လောက်ဝေးလည်းဆိုတဲ့အပေါ်မှာ အတည်ပြုပြီး ဆုံးဖြတ်တယ် နောက်ဥပမာတစ်ခုက အဆောက်ဦးရဲ့ Ground Floor ဆိုတာ သူ့အပေါ်မှာ ရှိနေတဲ့ အထပ်တွေကို ကြည့်ပြီးမှ ပြောရတာပါ
လူတစ်ယောက် ၆ ပေမြင့်တယ်ဆိုတာ သူ့ခြေဖ၀ါးကနေ ခေါင်းထိပ်ထိ အမှတ်ကိုကြည့်ပြီးမှ ဆုံးဖြတ်တယ်
2.Tringulation - အမှတ် 2 ခုဆုံတဲ့အမှတ် ။ ဒါကို ရေလည်ခေါင်မှာ pile ရိုက်တဲ့အခါတွေမှာသုံးပါတယ် ဥပမာ ကိုယ်က ရေထဲမှာ Pile ရိုက်မဲ့အမှတ်ကိုရှာချင်ရင် Chain ကိုင်ပြီး ရေကူးသွားလို့မရပါဘူး တတြိဂံရဲ့ နိယာမအတိုင်း ကုန်းပေါ် point 2 point ကနေ လိုင်း ၂ ကြောင်း လှန်းပစ်လိုက်ပါတယ် နှစ်ခု cross ဖြစ်တာက ကိုယ်လိုချင်တဲ့ အမှတ်ပါ
3.Offect - Line တစ်ကြောင်းရဲ့ ဒေါင့်မှတ်ကျတဲ့ အကွာအဝေး ဒါကို လမ်းအကွေ့တွေ super elevation ထည့်တဲ့နေရာတွေမှာသုံးပါတယ်
4.Transverse -It is a measuring of length and direction of a survey line, such as bearing and distance. ကျတော်ဒါကို မြန်မာလိုမရေးတော့ပါဘူး transvese မှာ ၂ မျိုးရှိပါတယ် open transverse and close transverse --- survey line တွေရဲ့ direction ကို ပုံစံ ၂ မျိုးနဲ့ သတ်မှတ်ကြပါတယ်
ပထမ ပုံစံက တစ်လိုင်းနဲ့ တစ်လိုင်းကြည့်ပြီးမှ ဆုံးဖြတ်တယ် ဥပမာ ကိုယ်ခြံခပ်မဲ့ ဧရိယာဟာ Regular shape လေးထောင့်မဟုတ်တော့ဘူးဆိုရင် တစ်လိုင်းနဲ့ တစ်လိုင်းမှီခိုပြီး ဒေါင့်တွေတိုင်းသွားတာပ့ါ A line က B Line နဲ့ ဒေါင့်ဘယ်လောက်ကနေ ဆက်သွားတယ် C က B ရဲ့ ဒေါင့်ဘယ်လောက်ကနေ ဆက်သွားတယ် စသဖြင့် consecutive line တွေကြားက ဒေါင့်တွေနဲ့ ဖေါ်ပြကြပါတယ်
ဒုတိယပုံစံက Refrence direction ဒါမှမဟုတ် meridian ပေါ်မူတည်ပြီးညွှန်းတယ် ( ဒါကို bearing တွေနဲ့ ဖေါ်ပြကြပါတယ် )
.......................
Bearing ဆိုတာဘာတွေလည်း ? ? ?
Bearing အကြောင်းကိုလည်းနဲနဲလောက်ရေးချင်ပါတယ် bearing တွေကိုအရပ်မျက်နှာတွေမှာ မူတည်ပြီးဆွဲကြတယ် အများအားဖြင့် မြောက်အရပ်ပေါ်မှာ မူတည်ပြီးသတ်မှတ်ကြတယ် မြောက်အရပ်ကလည်း သုံးမျိုးထပ်ရှိပြန်ပါတယ်
True North - စကြာဝဠာရဲ့ မြောက်အရပ်စွန်းစွန်းကိုပြတာ (ဓူဝံကြယ်)
Magnetic North - ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းကို ညွှန်ပြတာ (သံလိုက်အိမ်မြှောင်ပြတဲ့အရပ်)
Grid North - မြေပုံရဲ့ မြောက်အရပ်
True North ကိုတိုင်းရင် True Bearing လို့ခေါ်
Magnetic North ကိုတိုင်းရင် Magnetic Meridiam ... Magnetic bearing လို့ခေါ်ပါတယ်
Magnetic North ကိုသိရင် True North ကိုသိအောင်လုပ်လို့ရသလိုပဲ သူတို့နှစ်ခုက အပြန်အလှန်ဆက်သွယ်ချက်ရှိပါတယ် True North ကနေ Magnetic bearing ကိုနုတ်တာကို magnetic declination လို့ခေါ်ပါတယ် ဆိုလိုတာက သံလိုက်က ပြတဲ့အရပ်နဲ့ ဓူဝံကြယ် ကပြတဲ့အရပ်ရဲ့ ကွာခြားချက်ကိုပြောတာပါ
magnetic declination ဆိုတာကွင်းဆင်းရင် အများစုက true north ကိုမသုံးပါဘူး magnetic bearing ကိုဘဲ သုံးကြပါတယ် အကြောင်းရင်းက အချိန်ကြာလို့ပါ ခုဏကပြောခဲ့သလို true north ကိုသိချင်ရင် Theodolite နဲ့ star shooting လုပ်ရပါတယ်
ဒါပေမဲ့ လုပ်ငန်းလိုအပ်ချက်ကတော့ true bearing ကိုပိုလိုတယ် အထူးသဖြင့် လမ်းဖောက်ရင် တိကျမှုကို ပိုလိုချင်ရင် true bearing ကိုပုံသုံးကြပါတယ် true bearing ကိုရဖို့က star shooting လုပ်မယ် အဲ့လိုလုပ်နိုင်ဖို့က Astronomy ကိုသိရင်ပါမယ်
နောက်အပိုင်းကျရင် Astronomy ( နက္ခတဗေဒ ) အကြောင်းကိုရေးပါမယ်
Meridiam က ၄ မျိုးရှိပြန်ပါတယ် ဒါကိုလည်း နောက်အပိုင်းမှ ကြည့်ပါ
#Credit
Aung Hla Min Naing
မြေတိုင်းပညာ၏ အခြေခံသဘောတရားများ
Comments
Post a Comment