•မျိုးဆက်သစ် အင် ဂျင် နီယာများအတွက်•
•မျိုးဆက်သစ် အင် ဂျင် နီယာများအတွက်•
မြန်မာနိုင် ငံမှာ ယ နေ့ထိSoil ကိုလေ့လာတဲ့ Geotechnical Engineer ရှားပါးပါတယ် PE ခေါ် Professional Engineer အဆင့် လက်မှတ် ရထားတဲ့ Soil Engineer ဆိုတာ လက်ချိုးရေလို့ရ နေဆဲပါ ... BE ပြီးလို့ ME တန်း ဝင် ခွင့် ဖြေကြရင် လဲ Structure မှ Structure ဖြစ်နေကြဆဲပါ ဘာလို့လဲဆိုတော့ Soil တို့ Hydraulic တို့ ရဲ့ အ ရေးပါပုံကို ပြောပြမယ့်သူနည်းပါးနေတုန်းမို့ပေါ့ ... ကျနော်ကိုယ်တိုင် လဲ Design သမားပါ ဒါပေမယ့် Structure သမားဆိုတာ (ကျနော်တို့ဆရာထိုက်..ပြောသလို) Soil ကို လွှတ်ထားလို့မရပါဘူး လေ့လာနေရမှာပါ...ဘာလို့လဲဆိုတော့ Super-structure ရှိရုံနဲ့ Sub-structure(foundation)မပါပဲနဲ့ Complete Structure မဖြစ်လာနိုင် လို့ပါပဲ .. Foundations:Their importance and purpose All engineered construction resulting on the earth must be carried by some kind of interfacing element called a Foundation. It is evident on the basis of this definition that a foundation is the most important part of the engineering system. Reference:Chapter(1) General Principles of Foundation Design Designer တစ်ယောက်ဟာ မဖြစ်မ နေ အနိမ့်ဆုံးတော့ Site တစ်ခုမှာ -Soil Layer ဘယ်နှစ်မျိုးတွေ့လဲ -ဘယ်နှစ်ပေမှာ ဘာ Soilအမျိုးအစားတွေတွေ့လဲ -ကျာက် တွေ့လား -Water Level က ဘယ်လောက်မှာရှိလဲ -Cohesion လား Cohesionless လား -Friction Angle ဘယ်လောက် ရလဲ -SPT (standard penetration test) ဆိုတာ ဘာလဲ -ဘယ် Test နဲ့စမ်းတာလဲ -Bored hole point ဘယ်လောက်တူးလဲ စသဖြင့် သိထားမှသာ မိမိ Design လုပ်မယ့် Footing type ကို Confidence ရှိရှိ Judgement လုပ်နိုင် မှာပါ ... (Experienced Engineer ကြီးတွေ အတွက်တော့ မြေကြီးမြင် တာနဲ့ ပြိုနိုင် လား ... Bearing Power စိတ်ချရလား ... သိနိုင် ပေမယ့် အင် ဂျင် နီယာ လေးများက တော့ သီအိုရီကို လွှတ်လို့မရသေးပါဘူး .. Test တွေစမ်းရပါမယ် ..ဖတ် ရပါမယ် Estimate အရ Excavation က လွယ်ပေမယ့် Design အရ တော့ မြေကြီးနဲ့ ပတ်သက် ရင် မြေကြီးတူးနေတာပဲ..ဘာပညာမှမပါဘူး ဆိုပြီး လျစ်လျူမရှုထားသင့်ပါဘူး) *Main Discussion-1* ဆွေးနွေးချင် တာ Safety factor ပါ ... (1) Super-structure မှာ safety factor ဘယ်လောက်လဲ? (2) Sub-structure(or)Soil မှာ safety factor ဘယ်လောက်လဲ? (1) Super-structure members တွေမှာ safety factor တွေက 0.---(or)1.---something..ဒီလောက်ပါပဲ (1.4DL, 1.7LL, 0.9Mu, 0.85Vu, etc.) (2) Soil မှာက တော့ safety factor ကြီးပါတယ် PE ရထားတဲ့ Geotechnical Engineer ဆရာတစ်ဦး ဖွင့်ဆိုပေးတဲ့ Definition အရ - Soil ဆိုတာ အလွန်မာယာများတဲ့ Construction Material တစ်မျိုးပါ- မြေကြီးနဲ့ပတ်သက် ရင် အ လျော်အစား ကြီးပါတယ် ... ACI design code အ ရဆိုရင် ... SF = 2.5 to 3 ... ပါ ( ကျနော်ရေးလေ့ရှိပါတယ် .. Engineering မှာ လှေနံဓားထစ်ပုံသေ မမှတ်ပါနဲ့ ... အထူးသဖြင့် ဂဏန်းတွေ ပုံရှင် မှတ်ပါ ... ဘယ်က ဘယ်လိုဖြစ်လာလဲ reasonable fact ကိုသိနိုင် ပါစေ ...) BE-foundation စာအုပ်အရဆိုရင် SF = 1.2 to 5 ... ထိရှိနိုင် ပါတယ် Chapter(4), page-102 The safety factor may range from, 1.2 to 4 or 5 depending on the importance of the footing, reliability of the soil parameters and the quality backfill over the footing. *Main Discussion-2* Safety factor(ကျနော်တို့တော့ `ငို့ဖ´..လို့ခေါ်တယ်...`ငါဖို့´ပေါ့ဗျာ) များလေ စိတ်ချရ လေပါပဲ ... *တစ်နည်းအားဖြင့် * Soil Test က ပေးတဲ့ Bearing Capacity ကိုယူတာ နည်းလေ စိတ်ချရ လေပါပဲ ... formula က *Q (allowed) = Q(ultimate)/ SF* 6 ton per square feet လို့ပေးရင် safety factor = 2 လောက်နဲ့စားရင် 6/2 = 3 ton/ sq. ft ... ယူမယ့်အစား safety factor = 3 ယူပြီး 6/3 = 2 ton/ sq. ft ... ယူတာက ပိုပြီး စိတ်ချရတာမဟုတ်လားဗျာ .. Example(4.5) Some geotechnical consultants LIMIT the maximum allowable soil pressure to around `500 kPa´ in recommendations to clients for design whether settlement is a factor or not. Small footings with large column loads are not very confidence-inspiring during construction. Example(4.4) Since these samples tested by SPT are in a very disturbed state, the true SF may well be on the order of 4 or 5, instead of close to 3. This method of obtaining Q(allowable) is not recommend when Q(ultimate) is less than about 75 kPa. (Sentence ရှည်နေ တော့ လိုရင်း ပျောက်မှာစိုးလို့ အနှစ်ချုပ်ပေးပါရ စေ) E.g-4.5 ... ပြောချင် တာက မြေကြီးကိုစမ်းသပ်လို့ result က ဘယ်လောက်ပဲရပါစေ ... Soil သမားက Structure သမားကို 500 kPa (nearly 4.66 ton/sq. ft) ထက်ပိုပြီး မ ပေးပါနဲ့တဲ့ ... Geotechnical Engineer ကြီးများက recommendation ပေးထားတာပါ E.g-4.4 ... ပြောချင် တာက မြေကြီးကိုစမ်းသပ်လို့ result က 75 kPa (nearly 0.66 ton/ sq. ft) မှ မရရင် အဲ့ဒီမြေကြီးပေါ် footing မတင် ပါနဲ့တဲ့ ... Meyerhof, Terzaghi, Hansen, Vesic, Balla ... အစရှိတဲ့ နာမည်ကြီး Geotech များက အကြံပြုထားပါတယ် စာဖတ်နေရတာထက် ကျနော်တို့ Engineer တွေက equation ရေးပြတာ ပိုမှတ်မိတတ်ကြပါတယ် ... 0.66 tsf < Q(allowable) < 4.66 tsf 75 kPa < Q(allowable) < 500 kPa *Main Discussion-3* ကျနော် Project Site ကြီးတစ်ခုမှာ ကြုံခဲ့ဖူးတာက soil test result က Q(allowable) = 64 ton/ sq. ft ထိ ပေးတာ တွေ့ခဲ့ဖူးပါတယ် (ကျောက်တွေ့တိုင်း စိတ်မချရပါဘူး Safety Factor လံလောက်ဖို့လိုပါတယ်) To allow for the possibility of unsound rock, it is common to use high safety factors(say, 6 to 10 on the unconfined compression strength, Qu). ဥပမာ - for S.F = 6 Q(ultimate) = 64 tsf/ 6 Q(allowable) = 10.67 tsf ဥပမာ - for S.F = 10 Q(ultimate) = 64 tsf/ 10 Q(allowable) = 6.4 tsf ဒါတောင် Discussion-2 မှာ ဆွေးနွေးထားတဲ့ equation က ပြောတဲ့ 4.66 tsf ထက် များနေပါသေးတယ် In this case, which value do you use: 10.67 (or) 6.4 (or) 4.66? ကျနော်က ကျွမ်းကျင် Geotech လဲ မဟုတ်တဲ့အတွက် Soil နဲ့ပတ်သက် ရင် Safety Factor(ငါဖို့) ကို စိတ်ချအောင် 2.5 or 10 ... ထိယူလေ့ရှိပါတယ် *Main Discussion-4* Designer ရှုထောင့်အ ရသိထားရမယ့် Main Concept ကို ပြောပြချင် ပါတယ် --… Q(all) =Q(ult)/ S.F … -- Q(allowable) ဆိုတာ safety factor ကောင်းကောင်း နဲ့ reduction လုပ်ထားပြီးသားဖြစ်လို့ Footing Design လုပ်တဲ့အခါ Unfactored load case .. နဲ့လုပ် ရတာ ပါ Footing Area = DL+LL / Q(all) Note - 1.4DL+1.7LL - မဟုတ်ပါ ဒါကျောင်းသား/သူ တော်တော်များများ သေချာသတိမထားမိတဲ့ concept ပါ ကျောင်းသားကျောင်းသူတွေနဲ့ မျိုးဆက်သစ်အင် ဂျင် နီယာတွေ အတွက် အဓိက ရည် ရွယ်ရေးသားလို့ Reference အားလုံးကို လက် ရှိ TU BE-Foundation Engineering- Semester(1)က ယူထားပါတယ် မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါဗျာ written by -
Aung Myat Thu
BE-Civil(TU-Taunggyi)
JM-MES(Taunggyi)
MilLimetRe-Training & Design Group

Comments
Post a Comment