မြေတူးနည်း(၁၀)နည်း



၁၆၃ ၊ မြေတူးနည်း(၁၀)နည်းရှိပါသည်။
ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ပါဘူး 😩 😩
အင်ယာများ အထူးသဖြင့် လိုင်စင်အင်ယာများ အချိန်လေးပေးပြီး ဖတ်ပေးပါ
ကျန်သူငယ်ချင်းများ ကျော်သွားကြပါကုန်။

၁။ သူများ site မှာ ဒီအတိုင်းတူးတာ ဘာမှမဖြစ်ဘူး။ ၆ပေလောက်တူးရတာ deep excavation လိုလို့လား ဗျာတဲ့ မကြာခဏ ကြားရတဲ့စကားပါ။ ဒီပုံတွေကြည့်ရသလောက်တော့ တူးထားတာအနည်းဆုံး ပေ ၂၀ လောက် ရှိမယ်။ စည်ပင် သတ်မှတ်ချက်အရ မြို့တွင်း ၄' ၆" နှင့် အထက် မြေကြီးတူးမယ်ဆို Temporary Earth Retaining Structure ( TERS ) Design တင်ပြရပါတယ်။ မြေသားဖွဲ့စည်းပုံကြောင့် တူးမယ့် depth ခြင်း တူသော်လည်း design မတူနိုင်ကြောင်း အကြမ်းဖျင်း သဘောပေါက်ဖို့ လိုပါတယ်။
၂။ စည်ပင် design department, HIC, CQHP တို့မှာ သတ်မှတ်စံနှုန်းနဲ့အညီ တွက်ချက်ထားတဲ့ အဆောက် အဦး တွေကိုသာ ဆောက်လုပ်ခွင့်ချထားပေးတာပါ။ ဒီ site မှာလည်းTERS design ရှိမှာပါ။ ခုလုပ်ထားတဲ့ ပုံကို စည်ပင်က ခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး။ ခွင့်ပြုခဲ့တဲ့ပုံကို၊ LC က မလုပ်တာ နေပါလိမ့်မယ် (TERS က ဈေးကြီး တာကိုး သူတို့စိတ်ထဲ ဒါဟာ အပိုကုန်ငွေ သက်သက်လို့သာ သတ်မှတ် ထားပုံပါပဲ။ LS ပြဿ နာ တ်နိုင်ပေမယ့် လက်သိပ်ထိုးရင် ပြီးကောင်း ပြီးသွားမှာပါ မလိုက်နိုင်ရင်တော့ လက်မှတ်ပြုတ် ရုံပါပဲ။ (အဲ့လောက်နဲ့ပြီးရင် တော်သေးတာပေါ့နော်)
၃။ အဆောက်အဦးတလုံးအတွက် သက်ဆိုင်ရာအပိုင်းအလိုက်၊ အစစ အရာရာ SEC, LS, LC တို့က တာဝန် ယူရပါတယ်။ ( bond ထိုးရင် ကြည့်ထိုးပါ။ စာချုပ်ကို မကြိုက်ရင် ပြန်ပြင် ရေးပါ။ အထူးသဖြင့် SEC များအနေ နဲ့ စာရွက်စာတမ်းများကို သေချာစီစစ်ပါ။ Proposal design နဲ့ Actual design ရဲ့ ကွာဟချက်ဟာ SEC တွေ အတွက် ဒိန်းဂျား ဆိုတာ မေ့မထားပါနဲ့။ paper work ကို စစ်ဆေးပေးခဲ့ရင်တောင် တကယ်လုပ်ရင် အဲ့အတိုင်း ထွက်မယ် ယုံကြည်လို့ မရတာ တို့လောကဆိုတော့ကာ ဆိုတော့ကာ စာချုပ်မှာ စကားလုံး အထား အသိုကအစ ဂရုစိုက်ပါလို့ ) မစစ်ပဲ လက်မှတ်ထိုးပေးတဲ့ SEC တော့ ကိုယ့်လောဘနဲ့ ကိုယ်ပေါ့(paper work ဆိုပေမယ့် အဆောက်အဦးရဲ့ အသက်လို့ပဲ တင်စားပါရစေ) စစ်ဆေးပြီးမှသာ ထိုးပေးစေချင်ပါတယ် (စစ်ကို စစ်ရမယ့်တာဝန် ရှိပါတယ်။
၎။ LS ထိုးဖို့ ဖုန်းဆက်ရင် Site မှာ စစ်ရမှ လက်မှတ်ထိုး ပေးပါတယ်ရှင်လို့ ပြောတိုင်း ထပ်မဆက်သွယ်ပုံကို ကြည့်ရင် လုပ်ချင်ရာလုပ်ပြီး ခေါင်းခံခိုင်းမယ်ဆိုတာ ထင်ရှားပါတယ်။
Site ထဲ တလွှာခြင်း စစ်ဆေးရပြီး လိုအပ်ချက်တွေကို ပြင်ခိုင်းနိုင်ခွင့် အပြည့်အဝရတဲ့ လိုင်စင်အင်ယာ လက်ချိုးရေလို့ ရမှာပါ။ အဆောက်အဦးသာ ပြီးသွားတယ် site ထဲ တခေါက်မှ မရောက်တဲ့ လိုင်စင်အင်ယာက သဲတကျင်းထက်များမှာပါ
၅။ Owner လုပ်ငန်းအကြောင်း ဘာမှ ဂဃဏန မသိကြ တာများပေမယ့် အင်မတန် တွက်တတ်ချက်တတ်ကြတဲ့ Developer များလည်း ရှိပါရဲ့။ Value engineer ဖြစ်အောင် လမ်းကြောင်းချပေးတဲ့ သူတို့ကြောင့်လည်း ဝမ်းနည်းရပါတယ်။ ဝမ်းနည်းရတာက အဆောက်အဦးမှာ နေထိုင်မယ့်သူတွေအတွက်ပါ စစ်မှန်တဲ့ Value engineer ဆို လက်ခံရမှာပါ။
၆။ ပြောလက်စနဲ့ ပြောရရင် ပြည်တွင်း Designer တွေ အချင်းချင်း Design မကွာဟပေမယ့် ပြည်ပက ကြွလာတဲ့ Design များ။ တကယ်တော်တဲ့ အင်ယာများ design များကို ဆိုလိုခြင်းမဟုတ်ရပါ။ အမှန်အကန် Design တွေလည်း ရှိသလို စီးပွားရေးသမားများလည်း ရှိတယ်ဆိုတာ မမေ့ကြပါနဲ့။ သူတို့က စီးပွားရေးပဲ ကြည့်ကြတာပါ။ အဆောက်အဦးပြီးလို့ ဖုတ်ခါပြီး ပြည်တော်ပြန်သွားရင် ကျန်ခဲ့ရမှာ ကိုယ့်လူမျိုးတွေပါ။ အဲ့ဒိအချိန်မှာ Developer ဘက်မှာ design ကို သေချာစစ်ဆေးပေးနိုင်တဲ့ အဖွဲ့ရှိရင် ဒီလို ပြဿနာတွေ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ အဖွဲ့ အစည်းဘက်မှာ တချို့အပိုင်းတွေက အားရစရာကောင်းပါ တယ်။ design တွေကို သေချာစီစစ်ပေးပါတယ် ရစ်တာကတော့ တပိုင်းပေါ့လေ။
၇။ လုံးဝအားမရသေးတဲ့အချက်က အဆောက်အဦးကို ရုပ်လုံးပေါ်အောင် အမှန်တကယ်တည်ဆောက်နေတဲ့ site တွေမှာ ကြီးကြပ်မှု အားနည်းနေခြင်းပဲ (လုံးဝမရှိခြင်းလို့ပဲ ဆိုရမလား
😷 😷 ) လိုင်စင်အင်ယာအပေါင်း တို့ရေလက်မှတ်ကို လွယ်လွယ် မထိုးကြပါနဲ့။ Structure calculation ကို သေချာစိစစ်ပေးပြီးမှ SEC ထိုးပါ။
Site မှာ Rebar ဆင်ထားတာ ကို စစ်ခွင့်ရမှ LS ထိုးပါ။ လုပ်တဲ့အလုပ်အပေါ်မှာ တာဝန်သိမှု တာဝန်ယူမှု တာဝန် ခံမှုတွေနဲ့ လုပ်ပေးကြပါ။
၇။ Rules and regulations တွေ အသက်မဝင်လာသေးခင် အခိုက်အတန့်မှာ အင်ဂျင်နီယာ အပေါင်းက Ethics ကို လက်ကိုင်ထားလို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးကြပါ။
ဒီအဆောက်အဦးမှာ ကိုယ့်မိဘ ကိုယ့်အမျိုးသား ကိုယ့်အမျိုးသမီး ကိုယ့်သားသမီး ကိုယ့်ဆွေမျိုး ကိုယ့်မိတ်ဆွေ အပေါင်းအသင်း နေမယ်ဆိုတဲ့ စိတ်စေတနာလေး ထားပေးကြပါ။ Site ဘေးပတ်ချာလည်မှာ ကိုယ့် Crush လေးတွေ နေတယ်လို့ စိတ်နှလုံးသွင်းပြီး ဂရုစိုက်ကြပါ ( ပြေးချိန်မရတဲ့ မြေကြီးက ပိုကြောက်ဖို့ကောင်းပါတယ်ရှင် )
ဘာပဲလုပ်လုပ် ကိုယ်ချင်းစာတရားလေးလက်ကိုင်ထားကြပါ.....
မိသားစုတိုင်း နွေးထွေးလုံခြုံတဲ့ အဆောက်အအုံလေးမှာ စိတ်အေးချမ်းစွာ နေထိုင်နိုင်ကြပါစေသား.....
🏡 🌇
#CREDIT
Photo #Eleven_Media

Comments

Popular posts from this blog

"လမ်းများ၏ ပုံသေကားချပ်အတတ်ပညာအား........တီးခေါက်ခြင်း

မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (၁)