Structural Tips(26)


Structural Tips(26)
OMRF/IMRF/ SMRF အလွယ်ခွဲခြားခြင်း

မျိုးဆက်သစ်များအနေနဲ့
Site တစ်ခုကိုစရောက်ပြီဆိုရင်
ကိုယ့် Site ဟာ ငလျင်ဒဏ်ကိုစဉ်းစားပြီး
ဒီဇိုင်းတွက်ထုတ်တည်ဆောက်ထားတာလား မစဉ်းစားထားသလားဆိုတာ အရင်သိထားဖို့လိုပါတယ်

ဒါမှသာ Inspection ပိုင်း Responsibility ပိုင်း
မပေါ့လျော့သင့်တာ သတိကပ်ပြီး စိုးရိမ်တတ်မှာပါ

Seismic လား Non-seismic လားက
Myanmar Earthquake Zones Map လေး
ရှိနေရင် အကြမ်းဖျင်းခွဲခြားလို့ရပါတယ်

(1)Ordinary Moment Resisting Frame
OMRF ဆိုရင် Non-seismic ပါ
ငလျင်ကို မစဉ်းစားထားပါဘူး
ဒါကြောင့် ရိုးရိုး Ordinary
Moment Resisting Frame လို့ခေါ်တယ်
ဘာရိုးသလဲဆို သံဆင်တာရိုးတယ် လွယ်တယ်
(သူ့ရဲ့ Response Modification Factor, R = 3.5)

Column အတွက်ဆို
Floor level မှာ lapping ဆက်တယ်
Beam အတွက် lapping ဆိုလဲ
Column strip အတွင်းမှာ ဆက်တယ်
တားမြစ်ချက် သိပ်မရှိဘူး

ဒါက ၃ထပ်အောက်အထပ်နိမ့်တွေမှာ
ဟိုးရှေးရှေးက လုပ်နေကျလုပ်ရိုးလုပ်စဉ်ပေါ့
အရင်ခေတ်က E.quake နဲ့ပတ်သက်ပြီး
Design Knowledge သိသူနည်းခဲ့ကြလို့ဖြစ်ပါမယ်

ဒီခေတ်ကတော့ facebook နဲ့ google
ကျယ်ကျယ်ပြန့်ပြန့်သုံးလာတဲ့အတွက်
အရင်ခေတ်ထက်စာရင် ကံကောင်းကြပါတယ်

(2)Intermediate Moment Resisting Frame
OMRF < IMRF < SMRF
Intermediate ကတော့ ကြားက Frame ပေါ့
သူ့ကိုတော့ နိုင်ငံရဲ့ငလျင်ဇုန်အလိုက်
ယူတာကွာကြတယ် ထင်ပါတယ်
မြန်မာနိုင်ငံမှာတော့ ငလျင် control ဖြစ်တဲ့အတွက်
IMRF ကို Design သက်သက်တွက်ပြီး
SMRF နည်းအတိုင်း Steel Details ဆင်ခိုင်းပါတယ်
ကျနော်တို့ရှမ်းပြည်နယ်တောင်ကြီးက IMRF ပါ
IMRF ~ SMRF အကြောင်းကို ဆက်ကြည့်ပါ

(3)Special Moment Resisting Frame
SMRF ဆိုရင် Seismic ဆိုတဲ့
Earthquake ကို စဉ်းစားထားပါတယ်
(သူ့ရဲ့ Response Modification Factor, R = 8.5)

ဒါကြောင့် အထူး Special
Moment Resisting Frame လို့ခေါ်တယ်
ဘာတွေထူးသလဲဆို သံဆင်တာထူးတယ်
Fixer ရော Inspector ရော အလုပ်ရှုပ်တယ်

Column အတွက် Lapping ကို
Column ရဲ့ Mid-height မှာ ဆက်ရမယ်

Beam အတွက်ဆို နှစ်မျိုးကန့်သတ်တယ်
Top bar က Mid span မှာဆက်
Bottom bar က 2h နေရာမှာဆက်

ဒါ့အပြင် Lapping နေရာတိုင်းမှာ
Ties spacing က column size ရဲ့
d/2 ထက်ပိုချဲထားလို့မရဘူး . .
Stirrups spacing က beam depth ရဲ့
d/4 ထက် ပိုမချဲထားလို့ရဘူး . .

Earthquake Resistant Building ဆိုရင်
ဒါ့အပြင် Beam-Column Joint သာမက
Column ဆိုတဲ့ Vertical Member ကို
Horizontal member တွေဖြစ်တဲ့ Beam
Floor Slab နဲ့ Landing slab လာထိုးထားတဲ့
ဆုံချက် Joint တိုင်းမှာ Special Ties တွေပါ
ထပ်ထည့်ပေးထားရအုံးမယ် . . . ဟုတ်ကဲ့
(မှတ်ချက် - လက်ခလဲ ပုံမှန်ထက်ပိုပေးသင့်တယ်)

ဒီလောက်ဆိုရင်တော့ သံဆင်ထားတဲ့ပုံ
Lapping location နေရာတွေကိုမြင်တာနဲ့
Mid height မှာ column lapping ထားရင်
ဒီအဆောက်အဦကတော့ဖြင့် Special-MRF

Floor level မှာပဲ Column lapping ထားရင်
ဒီအဆောက်အဦကတော့ဖြင့် Ordinary-MRF
မျက်စိအမြင်နဲ့တင် ခွဲခြားတတ်မယ် ထင်ပါတယ်

OMRF (100% cut off ~ Lapping)
IMRF (50% cut off ~ Lapping)
SMRF (50% cut off ~ Lapping)

IMRF နဲ့ SMRF မှာက
Column က Beam ထက် ကြီးရမယ်
Strong Column - Soft beam ဖြစ်ရမယ်
ဒါမှ Beam-Column joint တွေက ခိုင်မယ်

ဘယ်ဒေသမှာ ဘယ်လို Frame လုပ်သင့်လဲ??
နဂိုမူလ Designer က သက်ဆိုင်ရာမြို့နယ်ရဲ့
Earthquake intensity ကို ကြည့်ပြီး Design
စလုပ်ထားခဲ့ပြီးသားပါ . . .

ဗဟုသုတအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့
မြို့ကြီးတွေကို ဥပမာပေးလိုက်ပါတယ်

Myanmar Equake Zone အရ
SMRF လုပ်ရမည့်မြို့နယ်များ
Mandalay = Zone 5
Sagaing = Zone 5
ကိုယ့်မြို့ကို မြေပုံမှာရှာကြည့်ပါ

IMRF လုပ်ရမည့်မြို့နယ်များ
(သူ့ရဲ့ Response Modification Factor, R = 5.5)

Yangon = Zone 2A/2B
(UBC မှာတော့ Yangon ကို Zone 3 ဆိုတယ်)
Taunggyi = Zone 4
Naypyidaw = Zone 3
Pyinmana = Zone 3
ကိုယ့်မြို့ကို မြေပုံမှာရှာကြည့်ပါ

Blue = Zone I
Green = Zone II
Orange = Zone III
Violet = Zone IV
Red = Zone V

Myanmar Earthquake Zone Map
http://www.scribd.com/mobile/doc/283716204/Seismic-Zone-Map-of-Myanmar-2

UBC 97(Uniform Building Code)နဲ့
Myanmar Earthquake Zone တစ်ထပ်ထဲ
မကျတာကိုတော့ သတိကပ်စေချင်ပါတယ်

Local ဖြစ်တဲ့ Myanmar E.quake Map က မြို့အကုန်ပါတယ် . . . ပိုနီးစပ်တယ်လို့
ဆရာဉာဏ်မြင့်ကျော်က ပြောပြဖူးပါတယ်

ကျနော်ပြောချင်တာကတော့
ငလျင်ဆိုတာက ဒီဇိုင်းမလုပ်ထားလို့
Inspection အားနည်းတဲ့တိုက်မလို့ဆိုပြီး
ဘယ်အဆောက်အဦကိုမှညှာတာမှာမဟုတ်ပါဘူး

သက်ဆိုင်ရာမြို့အလိုက် OMRF လား
IMRF လား SMRF လားဆိုတာ ခွဲခြားသိပါစေ

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu
Millimetre-Training & Design Group
TU(Taunggyi) - MES(Taunggyi)

ဒီပုံဟောင်းလေးက ၂၀၀၅ ခုနှစ်ကပုံပါ . . အရောင်နဲ့ခွဲရလွယ်ပါတယ်
၂၀၁၃ MAP ကို Google နဲ့ Committee page မှာ
အလွယ်တကူ ရှာနိုင်ပါတယ်
Photo-Myanmar Earthquake Committee
Page မှာ ငလျင်အကြောင်းပိုလေ့လာနိုင်ပါတယ်

https://m.facebook.com/MyanmarEarthquakeCommittee/
 
 
#Credit 


Comments

Popular posts from this blog

"လမ်းများ၏ ပုံသေကားချပ်အတတ်ပညာအား........တီးခေါက်ခြင်း

မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (၁)

မြေတူးနည်း(၁၀)နည်း