Sharing My Tiny Enginnering Knowledge Soil Liquefaction
Sharing My Tiny Enginnering Knowledge
Soil Liquefaction အကြောင်းလေးလေ့လာမိသလောက်ပြန်ဝေမျှချင်ပါတယ်။
Liquefaction ဆိုတာ ငလျင်လှုပ်တဲ့အခါမှာ ဖြစ်လာတဲ့ Pressure ကြောင့် မြေကြီးရဲ့ water-saturated sandy layer တွေက အရည်လိုမျိုး ပြုမူသွားတဲ့အခြေအနေကိုခေါ်ပါတယ်။
(Normal pressure) ပုံမှန်အနေနဲ့ Soft Sand များဟာ ရေနဲ့ ပြည့်ဝနေနိုင်သော်ငြားလည်း Sand grains လေးတွေရဲ့ တခုနဲ့ တခု ထိစပ်မှုတွေကနေ Friction ပေါ်ပေါက်လာပြီး သူ့ ရဲ့ 
Stength (သို့ ) Hardness ကိုရရှိထားနိုင်ပါတယ်။
(Intense pressure) ငလျင်လှုပ်ခတ်မှုကနေပြီးတော့ ရေကို Pressure တိုးလာမယ့် အားတခုသက်ရောက်လိုက်ပါတယ်။ လုံလောက်တဲ့ Pressure ကိုရောက်ပြီဆိုရင် ရေကနေပြီးတော့
Sand Grains တွေကြားထဲကိုရေကိုရောက်စေပြီး သူတို့ ရဲ့ Friction ကို Break ဖြစ်သွားစေပါတယ်။
ဒါကနေပြီးတော့ Liquefaction ကိုဖြစ်ပေါ်စေပါတယ်။
Credit: California Watch Research
Liquefaction (Geotechnical Aspects)
Liquefaction ကိုဖြစ်ပေါ်စေတာအချက်ကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ Shock Wave (or) Cyclic Loading ကြောင့် Soil ရဲ့ Pore Pressures ကို Effective Pressure=Zero အခြေအနေထိ
Temporary တိုးသွားတဲ့အချိန်မှာပါ။ အဲဒီ Pore Pressure တိုးလာတာနဲ့ အမျှ Strain ကိုလည်းတိုးလာစေပါတယ်။ ဒီဟာကနေပြီးတော့ Soil Particles တွေကို "Float" အခြေအနေဖြစ်စေပါတယ်။
ဒီအခြေအနေမှာ Soil ရဲ့  Shear Strength ကအရမ်းကိုနည်းသွားပြီးတော့ unconfined soil တွေကလည်း Laterally Flow ဖြစ်သွားပါတယ်။
နောက်တမျိုးပြောရရင် Saturated Sand တွေက Vibrations နဲ့ တွေ့ ရပြီဆိုပါတော့ သေချာတာက Compact ဖြစ်သွားမယ် နောက်ပြီး Volume Decrease ဖြစ်သွားမယ်။
အကယ်၍ Sand ကသာ Drain မဖြစ်ဘူးဆိုရင် Pore water Pressure တက်လာမှာပေါ့။ Pore water Pressure ဆက်တိုက်တက်လာနဲ့ အရမ်းကို Overburden Pressure ရောက်သွားရင်
Effective Stress က Zero ဖြစ်သွားပါပြီ။ အဲဒီအခါ Sand သည် သူ့ ရဲ့ Strength ရှိတော့မှာ မဟုတ်ဘဲ Liquid ပုံစံပြုမူလာပါတယ်။
Liquefaction ဖြစ်ပေါ်နိုင်တဲ့ Soil အမျိုးအစားတွေကတော့ Saturated,Fine to Medium-fine Grained, Loose Sands နဲ့  မထင်မှတ်ထားတဲ့ Non-Saturated Clay မှာလည်း ဖြစ်နိုင်ပါတယ်။
Liquefaction ဖြစ်စေတဲ့ Major အချက်ကတော့ Earthquake ပေါ့ဗျာ။ နောက် Dynamic Load တွေဆက်တိုက်သက်ရောက်နိုင်တဲ့ Pile Driving လိုမျိုး Operation တွေဟာလည်း Liquefaction ကိုဦးတည်သွားစေနိုင်ပါတယ်။
Photo Credit: Encyclopaedia Britannica
Science is about knowing; engineering is about doing.
Henry Petroski
#Credit
#Credit
Comments
Post a Comment