SOIL MECHANICS & ROCK MECHANICS

ကျွန်တော့်တို့၏ ကမ္ဘာမြေကြီးကို ကြည့်ပြီး စဉ်းစားပါက အဓိကအနေနှင့်

SOIL MECHANICS နှင့် ROCK MECHANICS ဆိုပြီး ၂မျိုးရှိပါသည်။

Soil Mechanics
Soil Mechanics ကို အဓိပ္ပါယ်
ဖွင့်ဆိုလျှင်တော့ Engineering materials အရ Soil ၏ Engineering problems တွေ ဖြစ်သော mechanics နှင့် hydraulics တို့၏ laws & principles တွေကို သတ်မှတ်ထားရှိပေးခြင်းပါ။

အခြားအဓိပ္ပါယ်များလည်း ရှိပြီး၊ လေ့လာသော Field အလိုက် မူတည်သွားပါသည်။
Eg, Agronomy (စိုက်ပျိုးရေးသိပ္ပံ)မှာမူ Soil သည် rock တွေ တိုက်စားပြီး ဖြစ်လာသော minerals တွေနှင့် အပင်သတ္တဝါတို့ ပျက်စီးစုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသော organic matter တွေကို သတ်မှတ်ပါတယ်။
Agronomist တစ်ယောက်အနေနှင့် Soil သည် အပင်အမြစ်အတွက် ကြီးထွားမည့်အာဟာရကို ထောက်ပံပေးနိုင်မပေးနိုင် ဆုံးဖြတ်ခြင်းပါ။

GEOTECHNICAL ENGINEER အတွက်မူ soil သည် အများကြီး ကျယ်ပြန့်သွားပါသည်။

Agronomic material သာမက rock ၏ ကွဲကြေလာသော အစိတ်အပိုင်းများ၊ မီးတောင် ချော်ရည်၊ မြစ်ချောင်း အနည်ကျများ၊ လေမှသယ်ဆောင်လာသော မြေများ၊ ရေခဲသို့နှင်းမှ သယ်ဆောင်လာသောအရာများ၊ နှင့် ရာသီဥတုဒဏ်ခံ rock များ၏ အကြွင်းအကျန် သို့ သယ်ဆောင်ခဲ့ရသော အရာများ ပါဝင်ပါသည်။

ခက်ခဲသောအပိုင်းကမူ Rock နှင့် Soil ၏ ထူးခြားသော အပိုင်းကို သေချာကွဲပြားမှု မရှိခြင်းပါ။

ဥပမာ Geologist တစ်ယောက်အနေနှင့် ပေးထားသော Material တစ်ခုကို Formational Rock အရ သတ်မှတ်နိုင်ပါသည်။ (တိကျသော geologic environmental ပေါ် မူတည်လို့ပါ)

သို့သော် geotechnical engineer ကတော့ soil လို့ သတ်မှတ်လိုက်သည်နှင့် သူ၏ လုံလောက်သော ရာသီဥတုဒဏ်ခံနိုင်မှု သို့ ကွဲကြေခံနိုင်မှုတွေ လေ့လာရတော့မှာပါ။

Rock Mechanics
Rock ၏ mechanical behaviour ဆိုင်ရာကို သတ်မှတ်ပေးခြင်းပါ။ Geotechnical Engineer အရ rock သည် minerals ကြားမှာ တည်တံပြီး ခိုင်မာသော bond ရှိသော အစိုင်အခဲ ဖြစ်ပါသည်။

Rock ကို ခွဲခြားပါက
Sedimental (အနည်ကျကျောက်)
Igneous (မီးသင့်ကျောက်)
Metamorphic (အသွင်ပြောင်းကျောက်)
ဆိုပြီး ခွဲခါးနိုင်ပါသည်။

Soil နှင့် Rock ယှဉ်ပါက သိသာထင်ရှားသော ကွာဟမှုများကို သူတို့၏ ပြုမူမှုများတွင် တွေ့နိုင်ပါသည်။ ထို့အပြင် soil mechanics နှင့် rock mechanics တို့သည် တစ်ခုနှင့်တစ်ခုဆင်တူပြီး overlap လည်းရှိသည်မှာ သိပ်မရှိပါ။

Foundation Engineering
Foundation ကို Structure တစ်ခု၏ အစိတ်
အပိုင်း (structure ၏ weight ကို ထောက်ပံပေးနိုင်ပြီး Foundation ၏ အောက်တွင်ရှိမည့် soil သို့ rock ဆီသို့ load တွေကို ဖြန့်ပေးနိုင်ခြင်း) ဖြစ်ပါသည်။

Foundation Engineering သည် Soil mechanics, Rock mechanics, gelogy နှင့် structural engineering ကို foundation design နှင့် construction တို့တွင် အသုံးပြုခြင်းပါ။

အဓိကအနေနှင့် Foundation Engineering တွင် အခြေခံကြသော အပိုင်းသည် Shallow သို့ Deep Foundation System ၂ခုအနက်မှ မည်သည့် systemကို ရွေးချယ်ခြင်းပါ။
အခြားအရေးကြီးသော အပိုင်းကမူ Foundation ၏ Bearing Capacity ကဲ့သို့ design parameter ကို တိုးတက်အောင် ပြုမူခြင်းပါ။
ထို့အပြင် Actual Construction Design ကဲ့သို့ Concrete Footings ၏ Steel Reinforcement ကို အမျိုးအစားနှင့် အကွာအဝေဝးများ ဆုံးဖြတ်ပေးခြင်း ပါဝင်ပါသည်။



REF & Recommend Books

- SOIL MECHANICS AND FOUNDATION BY ROBERT W. DAY
- FOUNDATION DESIGN PRINCIPLES BY CODUTO
- PRINCIPLES OF GEOTECHNICAL ENGINEERING BY BRAJA M.DAS & KHALED SOBHAN
- SOIL MECHANICS BY ARNOLD VERRUIJT DELFT UNI OF TECHNOLOGY


#CREDIT

Comments

Popular posts from this blog

"လမ်းများ၏ ပုံသေကားချပ်အတတ်ပညာအား........တီးခေါက်ခြင်း

မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (၁)

မြေတူးနည်း(၁၀)နည်း