မြေတိုင်းပညာ၏ အခြေခံသဘောတရားများ အပိုင်း (၂)
Astronomy Basics-Norths, Longitudes&Latitudes
ပထမပိုင်းမှာတုန်းက Survey ရဲ့ အဓိကကျတဲ့ Basic Principles တွေကိုအဓိကထားရေးခဲ့ပါတယ် ဒီအပိုင်းမှာတော့ ကျတော့အပေါ်ကပြောခဲ့တဲ့အကြောင်းရာတွေကိုရေးပါမယ်
----------------------------------------
မြောက်အရပ်ကဘယ်နှစ်မျိုးရှိတာလည်း ???
အခြေခံအားဖြင့် မြောက်အရပ်ဟာ ၃ မျိုးရှိပါတယ်
1. True North - ဓူဝံကြယ်ရဲ့တည်နေရာကို မြောက်အရပ်လို့သတ်မှတ်တာပါ ဒါဟာ စကြာဝဌာကြီးရဲ့ မြောက်အရပ်စူးစူးလို့ပြောလို့ရပါတယ် ဒါကို ကမ္ဘာမြေကြီးကနေတိုင်းရင် တစ်နှစ်မှာ ၃၆၅ ရက်ရှိတဲ့အလျှောက် ပြောင်းလည်းနေမှာပါ
ကျတော်တို့ကမ္ဘာမြေကြီးဟာ တစ်နှစ်မှာတစ်ပတ် နေကိုလည်ပတ်နေပါတယ် ဒါကြောင့်မနက်ခင်းတိုင်းမှာ နေစထွက်တဲ့အရပ်ဟာ မတူပါဘူး ဒါကိုသိချင်ရင် မိုးဝေသနှင့်ဇလဗေဒက နှစ်စဉ်တစ်နှစ်တစ်ခါထုတ်တဲ့ Star Almanac ဆိုတဲ့စာအုပ်ကိုတောင်းကြည့်လို့ရပါတယ် ကမ္ဘာမြေကြီးပေါ်မှာဘဲ Fixed ဖြစ်နေတဲ့ကျတော်တို့အတွက်ကတော့ True North ကိုမြင်ရဲ့တဲ့နေရာတွေဟာပြောင်းလည်းနေမှာပါ True North ကိုဘယ်မှာသုံးလည်းဆိုရင် လုပ်ငန်းလိုအပ်ချက်အရ တိကျမှုကိုပိုလိုချင်ရင် သုံးပါတယ် ဥပမာ လမ်းဖောက်တဲ့အခါမှာ စမှတ်နဲ့ ဆုံးမှတ်ဟာ ဝေးတာကြောင့် ကမ္ဘာမြေကြီးကို Plane Survey- အဖြစ်ယူလို့မရတော့ပါဘူး ခုံးနေတယ်လို့ယူဆပြီး အခုံးအတိုင်းတိုင်းရပါတယ် ဒါကို Geodesic Survey လို့ခေါ်တာပါ Plane Survey ဆိုတာကတော့ မြေကြီးဟာ ပြန့်နေတယ်လို့ယူဆပြီးတိုင်းတဲ့နည်းပါ Geodesic Survey ဟာဘာနဲ့တူလည်းဆိုရင် Basketball ဘောလုံးတစ်လုံးကိုယူပြီး မျဉ်းသုံးကြောင်းကို ကြိဂံဖြစ်အောင်ဆွဲလိုက်ပါ ထွက်လာတဲ့ တြိဂံဟာ အခုံးတိုင်းဖြစ်နေပါလိမ့်မယ် ဒါကို Spherical Trigonometry လို့ခေါ်ပါတယ် plane survey ကတော့ မျဉ်းဖြောင့်သုံးကြောင်းဆက်ထားသလိုဖြစ်နေမှာပါ
2.Magnetic North - ဒါဟာ သံလိုက်အိမ်မြှောင်က ပြတဲ့မြောက်အရပ်ဖြစ်ပါတယ် ဒီနေရာမှာ တစ်ခုသတိထားရမှာက ဓူဝံကြယ်ကပြတဲ့မြောက်အရပ်နဲ့ သံလိုက်အိမ်မြှောင်ကပြတဲ့ မြောက်အရပ်ဟာ မတူဘူးဆိုတာပါ သံလိုက်အိမ်မြှောက်ကပြတဲ့မြောက်အရပ်ဟာ ကမ္ဘာကြီးရဲ့တည်နေ၊ရာတစ်ခုကိုသာဦးတည်နေတာဖြစ်ပြီး ကမ္ဘာ့သံလိုက်စက်ကွင်းမြောင်းလည်းလာတဲ့နဲ့အမျှ ပြောင်းလဲနေပါတယ်၂၀၀၁ ခုနှစ်တုန်းက သံလိုက်အိမ်မြှောင်ဟာ ကနေဒါနိုင်ငံရဲ့ မြောက်ဖက် Ellesmere Island at 81.1 N /110.8 W ကိုပြနေရာကနေ 2005 မှာကျတော့ 81.1 N /117.8 W . 2009 ကျတော့ 84.9 N/ 131.0W. ဒါဟာ Russia ဖက်ကို တစ်နှစ်ကို ၃၄ မိုင်နုန်းနဲ့ ရွေ့သွားတာပါ ဒါကြောင့်သံလိုက်အိမ်မြှောင်ရဲ့ တည်နေရာဟာ ကမ္ဘာ့ သံလိုက်စက်ကွင်းအပြောင်းလည်းပေါ်မှာမူတည်ပါတယ်
3.Grid North - ဒါဟာ geographic north ပါ.. Geo ဆိုတာကတော့ ပထ၀ီမြေကြီး Graphic ဆိုတာကပုံဆွဲတာ ဒါကြောင့် grid north ဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာရှိတဲ့ မြောက်အရပ်ပါ တခုသတိထားရမှာက ဒါကိုမြေပုံထုတ်ရတာအဆင်ပြေအောင်လို့ လူတွေဖန်တီးထားခြင်းသာလျှင်ဖြစ်ပါတယ် ဒါကိုသိအောင် သဘာဝနည်းနဲ့တိုင်းလို့မရပါဘူး ဥပမာ True north ကိုသိချင်ရင် ဓူဝံကြယ်ကနေရှာလို့ရတယ် Magnetic north ကိုကျတော့ သံလိုက်အိမ်မြှောင်သုံးပြီးရှာ ဒါပေမဲ့ grid north ကိုကျတော့ မြေပုံကနေဘဲရှာလို့ရပါတယ် Grid ဆိုတဲ့အဓိပ္ပါယ်ကတော့ လေးထောင့်အကွက်တွေကိုပြောတာပါ Grid တွေကို ကမ္ဘာလုံးကြီးရဲ့ North pole တွေနဲ့ South pole တွေကိုပိုင်းပြီးဆွဲထားပါတယ် Magnetic north နဲ့ Grid North ရဲ့ ဆက်သွယ်ချက်ကို ပုံ ၁ ကိုကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်
နောက်ပြီး ခပ်ကြောင်ကြောင် North တစ်ခုရှိကျန်ပါသေးတယ် အဲ့ဒါကတော့ Construction North ပါ ဥပမာ Auto Cad ဖြစ်စေ Revit ဖြစ်စေ အဆောက်ဦးတစ်ခုကိုဆွဲတဲ့နေရာမှာ E-S-W-N ဆိုပြီး Coordinate ရှိပါတယ် ဒါပေမဲ့ကိုယ်ဆောက်မဲ့ အဆောက်အဦးရဲ့ Direction ဟာအမြဲ True North အတိုင်းရှိမှာမဟုတ်ပါဘူး မန္တလေးမြို့လိုလမ်းတွေမှာ အရှေ့ဆိုရင် အရှေ့တည့်တည့်ရှိပေမဲ့ တချို့သောလမ်းတွေဟာ အစောင်းအတိုင်းဖြစ်ရင် အိမ်ကိုပါလိုက်စောင်းပေးရမှာပါ လမ်းကိုယ်တိုင်ကစောင်းနေရင် True North ဟာ အိမ်ရဲ့ North မဟုတ်တော့ဘူး အဲ့လိုစောင်းတိုင်းသာ Auto Cad မှာအစောင်းအတိုင်းလိုက်ဆွဲနေရရင် Degree ပြောင်းနေတာနဲ့တင်မပြီးတော့ဘူး ဒါကြောင့် Construction north ဆိုတာပေါ်လာတာပါ construction north ဆိုတာ ကိုယ့်အိမ်ရဲ့ perpendicular ကျတဲ့ direction ကို north အဖြစ်ယူဆပြီး true north နဲ့ construction north နှစ်ခုရဲ့ ခြားနားခြင်း declination ဖြစ်လာပါတယ်
------------------------------------------------
LONGITUDES & LATITUDES - လောင်ဂျီကျူးနဲ့ လတ္တီကျူးဆိုတာဘာလည်း ? ? ?
Longitudes - လောင်ဂျီကျူးမျဉ်းတွေဟာ အရွယ်ညီပါတယ်ကမ္ဘာလုံးကြီးပေါ်မှာ ဒေါင်လိုက်မျဉ်းတွေဆွဲထားတာပါ မျက်စိထဲမြင်အောင်ပြရင် ကမ္ဘာလုံးကြီးကို သံပုရာသီးလို့ယူဆပြီး အပေါ်အောက် ခြမ်းလိုက်ပါ အဲ့ဒါလောင်ဂျီကျူးပါ ပုံ ၂ ကိုကြည့်ပါ
လောင်ဂျီကျူးတွေဟာ ၁ ဒီဂရီကိုတစ်ကြောင်းဆွဲရင် စုစုပေါင်း မျဉ်းပေါင်း ၃၆၀ ရှိပါတယ် England က Green Wish မြို့ကိုဖြတ်သွားတဲ့မျဉ်းကို Greenwish မျဉ်းလို့ခေါ်ပါတယ် ကမ္ဘာကြီးတစ်ပတ်လည်ရင် ၁ ရက်ပါ
ကမ္ဘာတစ်ပတ်ကို ၃၆၀* - ၂၄ နာရီ >>> လောင်ဂျီကျူး 1 degree ကွာရင် ၄ မိနစ် ကြာပါတယ် ဒါကြောင့် လောဂျီကျူးမျဉ်းတွေကို အချိန်သိချင်တဲ့အခါမှာသုံးပါတယ်
Latitudes - လတ္တီကျူးမျဉ်းတွေကို ရာသီဥတုသိချင်တဲ့နေမှာမှာသုံးပါတယ် ပုံ ၂ကိုကြည့်ပါ မျဉ်းပေါင်း ၁၈၀ အထိရှိပါတယ် အီကွေတာတစ်ဖက်စီမှာ ၉၀ ရှိပါတယ် လတ္တီကျူးမျဉ်းတွေဟာ တစ်ခုနဲ့တစ်ခု အရွယ်မညီပါဘူး အီကွေတာမှာ အကြီးဆုံးဖြစ်ပါတယ် အီကွေတာနဲ့အနီးဆုံးဟာ နေနဲ့ပိုထိတွေ့ရလို့ ရာသီဥတုဟာ အပူဆုံးပါ
အချုပ်အားဖြင့်ပြောရရင် *လောဂျီကျူးတွေဟာ အချိန်ကိုတိုင်းတဲ့နေရာမှာသုံးပြီး လတ္တီကျူးမျဉ်းတွေဟာ ရာသီဥတုကိုဖော်ပြတဲ့နေရာမှာသုံးပါတယ်
မေးစရာရှိတာက suvery နဲ့ဘာဆိုင်လို့လည်းဆိုရင် ကမ္ဘာ့မြေပုံပေါ်မှာ Latitudes and Longitudes မျဉ်းတွေကို Grid -လေးထောင့်ကွက် အဖြစ်ပိုင်းပြီး Location ကိုယူပါတယ်
Aung Hla Min Naing
Comments
Post a Comment