SOIL MECHANICS & ROCK MECHANICS (2)
soil သည် အခန်းတစ်ရပ်ဖြစ်လာကာ
Engineering Mechanics အမျိုးအစားများ ကွဲပါးသွားပါသည်။ အဘယ်ကြောင့်ဆိုသော်
Soilသည် အခြားအရာနှင့် ကွဲပြားခြားနားသော အထူး ဂုဏ်သတ္တိရှိလို့ပါ။ ဒီလို
သိမြင်စေလာခြင်းမှာ အဆင့်မြင့်လာပြီး Civil Engineering ထဲမှ Soil Engineering အား
ကျယ်ပြန့်လာစေပါသည်။ Structures အားလုံးမှ Loads တွေကို Soil ဆီသို့ Transfer
ပြောင်းလဲပေးနိုင်ဖို့ ကောင်းမွန်သော Foundation လိုအပ်ပါသည်။
အရေးကြီးသော Soil ၏ အထူးဂုဏ်သတ္တိကို တစ်နေ့တစ်ခုဆီ ပြောပြပေးပါမယ်။
မှားရင်လည်း ပြင်ပေးကြပေါ့နော်။

STIFFNESS DEPENDENT UPON STRESS
LEVEL
သတ္ထု ကွန်ကရစ် နှင့် သစ်သားကဲ့သို့ Engineering ပစ္စည်းများအတိုင်း Linear Stress-Strain အပြုအမူကို stress level တစ်ချို့အထိကို အနည်းဆုံးပြုမူကြပါတယ်။ ဒါကတော့ stress က ၂ဆကြီးလျှင် deformation ပါ ၂ဆ လိုက်ကြီးမည်ကို ဆိုလိုခြင်းပါ။ Hooke's law မှာ ဒီဂုဏ်သတ္တိကို ဖော်ပြထားပြီး ဒီပစ္စည်းများကို linear elastic လို့ ခေါ်ပါသည်။ Soil ကတော့ ဒီ law ကို မပြေလည်စေပါဘူး။ ဒီအစားအနေနှင့် compression နှင့် soil သည် တဖြည်းဖြည်း stiffer တောင့်လာပါသည်။ sand ၏ မျက်နှာပြင်ကို လက်ချောင်းလေးများနှင့် ထိုးသွင်းလိုက်ပါက သူ့အောက်တွင် compressive stress ဖြစ်ပေါ်လာကာကာ stiffness နှင့် strength ကို တိုးလာစေပါသည်။ ဒါတွေသည် Particles အချင်းချင်းကြား Forces တွေ တိုးခြင်းကြောင့် အဓိကဖြစ်စေပြီး particles ၏ structure ကို strength တိုးစေပါသည်။ ဒီဂုဏ်သတ္တိသည် ကျွန်တော်တို့နေ့စဉ် ထုတ်ပိုးနေသော coeffee နှင့် အခြား Granular Material တွေကို Plastic အိတ်အတွင်းထည့်သောအခါမှာ vacuum လေထု ဆိုသော Package အတွင်းမှာ လုပ်ဆောင်ပုံပါ။ လေကို အထုတ်ထဲမှ ထုတ်လိုက်သောအခါ ဒီထုတ်ပိုးမှုသည် မာကျောသွားမှာပါ။ Civil Engineering မှာတော့ non-linear property ကို အောက်မှာsand-layerအခြေခံသော "very soft soil" မှာ ဆောက်သော အဆောက်အဦးအတွက် Pile Foundation ကို သုံးခြင်းမှာ အကျိုးကျေးဇူးကောင်းသဖြင့် အသုံးပြုလေ့ရှိပါသည်။ Sand အောက်တွင်ရှိသော အနည်ကျ soft-clay အထူသည် clay ၏ အလေးချိန်ကြောင့် (*sand ၏) stress level ကို (*မြင့်စေပါသည်။) ဒါသည် Sand ကို ပိုပြီး အားသာစေပါသည်။ ထို့ကြောင့် Pile ဆီကို compressive force ကြီးကြီးလာသက်ရောက်ဖို့ဖြစ်လာနိုင်ပြီး sand ဆီသို့ရောက်ရန် ထောက်ပံပေးပါသည်။

Clay ရဲ့ လုပ်ဆောင်ချက်ကို admin
နားလည်သလို ပြန်ရေးထားတာပါ။
(*အပေါ်မှာ Clay အောက်မှာ Sand ပါ။ Clay level က weight ရှိပြီး Sand ပေါ်ကို ဖိထားတဲ့အတွက် sand ကို stress level ကို ပိုကောင်းစေပါတယ်။ အပေါ်မှာ ရေးထားသလို Package မှာ လေထုတ်နိုင်ရင် ပိုမာသလိုပါပဲ Sand အပေါ်မှာ layer တစ်ခုက ဖိထားတဲ့ အတွက် ပိုကျစ်လစ်မာကျောစေပါတယ်)

နောက်ထပ်တိုးပြီး ပြောပြရရင်လေ
အမှုန်လေးတွေကြားမှာ လေရယ် ရေရယ် ရှိပာတယ်။
Void space မှာ no water ဆိုရင် Dry soil
Entire space တစ်ခုလုံး water နဲ့ ပြည့်နေရင် Saturated soil
Entire space မှာ ရေမပြည့်တပြည့်ဆိုရင် Moist soil (unsaturated soil လို့လည်းခေါ်ပါ့ သဘာဝကောက်ယူလိုက်တဲ့ soil ပေါ့)

အဲ့တော့ ရေနဲ့လေ ရှိတယ်ပေါ့။
အမှုန်လေးတွေ တစ်လုံးနဲ့တစ်လုံး ကပ်နေလေ အချင်းချင်းဆွဲအား Bond ပိုကောင်းလေပေါ့။
Compaction သဘောတရားဖတ်ရင် နားလည်နိုင်မယ်ထင်ပါတယ်။
SOIL ကို Engineering အပြုအမူအတိုင်း
ခွဲရရင်တော့ Plasticity လိုမျိုးတွေကို Soil Engineer က စဉ်းစားပေးရပါတယ်။
AASHTO (လမ်းအတွက်ရယ်)
USCS (Geotech သမားအတွက်ရယ်) - ဒါပဲ ဦးတည်ပြောပါမယ်နော်။
USCS မှာ ၂မျိုးကွဲပါတယ်။
Coarse Grained soil
Fine Grained soil

အကြမ်းပြန်ဆက်ရင်တော့
အမျိုးအစားခွဲထားတာကတော့
W - Well graded size စုံ - void
ratio နည်းသွားလို့
P - Poorly graded - Size တစ်မျိုးတည်း
L - low plasticity - LL < 50
H - high plasticity - LL > 50
P - Poorly graded - Size တစ်မျိုးတည်း
L - low plasticity - LL < 50
H - high plasticity - LL > 50
Coarse grained နဲ့ Fine grained က
Prefix နဲ့ ပေါင်းလိုက်ရင် Group Symbol အမျိုးအစား တွေ ရမှာပါ။
ဆိုလိုချင်တာကတော့ sand မှာ အမှုန်တစ်မျိုးထဲ မရှိပါဘူး။ ရောနေမှာပါ ပိုများတဲ့အမှုန်ရှိမယ့် ဂုဏ်သတ္တိက အဲ့ဒီ သဘော ဆန်မှာပါ။

Mechanical behaviour တွေ၏ အဓိက type
တွေကတော့ တော်တော်ကွာခြားပါတယ်။
Clay က Sand ထက်စာလျှင် အရေယိုမစိမ့်တာ နည်းပြီး ပိုပြီး softer ဖြစ်ပါတယ်။
Peat ကတော့ အမြဲ ပေါ့ပေမယ့် တစ်ခါတစ်ရံတော့ ရေထက်လေးတတ်ပါတယ်။ ပြီးတော့ anisotropic ကြီးကြီးမားမား ဖြစ်တာက organic material တွေရဲ့ ဖိုင်ဘာ တွေ ပါလို့ပါ။ Peat က ပုံမှန်အားဖြင့် အရမ်းကို compressible ဖြစ်ပါတယ်။
SAND က အထူးသဖြင့် Preloading တစ်ချို့အောက်မှာ အရည်တော်တော် စိမ့်ယိုနိုင်ပြီး တော်တော် တောင့်တင်း stiff ဖြစ်ပါတယ်။
ဒါကတော့ GRANULAR SOILS ကဲ့သို့ Sand နှင့် Gravel လိုတွေမှာ ဒီ အကျင့်စရိုက်ပေါ်လွှင်စေပြီး tensile stress ကို မခံစားနိုင်ပါဘူး။ Compressive Force ပဲခံနိုင်ပြီး Tensile Force မခံနိုင်ပါဘူး။ Particles အရမ်းငယ်ပြီး sand ဆီမှာ waterရေတစ်ချို့တိုးလာရင် contact points မှ capillary forces ကြောင့် tensile stress ကို transmit လုပ်နိုင်ပါတယ်။
GRAIN SIZE က soil ရဲ့ ဂုဏ်သတ္တိကို ပိုင်းခြားသိမြင်ဖို့ပါပဲ။ mechanical properties ကိုလိုချင်ရင်တော့ Mechanical Test လိုအပ်ပါတယ်။
PARTICLE SIZE DISTRIBUTION CURVE က တော့ Soil ထဲမှာ particle ဘယ်လောက်ပါသလဲဆိုတာရယ် particle size အမျိုးမျိုးရဲ့ဘယ်လောက်ဖြန့်ဝေပေးနိုင်သလဲ တွေကို ပြောပြပေးပါတယ်။ ဥပမာ Well graded, poorly graded, gap graded တို့ပါ။

MECHANICAL TEST ကတော့
Eg - Cone Penetration Test (purely mechanical test)

*Compaction အကြောင်း
(Improvement of soil by a compaction
Settlement ကိုလျော့ချခြင်း သို့ ကာကွယ်ပေးနိုင်
Strength ကို တိုးပွားစေပါတယ်
Bearing capacity ကို ပိုတက်လာစေပါတယ်
Volume ပြောင်းလဲသွားမှုကို ထိန်းညှိပေးနိုင်
Permeability ဆိုတဲ့ အရည်စိမ့်ယိုတာကို လျော့နည်းစေ

အဘယ်ကြောင့်ဆိုသော် ဒီဂုဏ်သတ္တိတွေနှင့်
dry density ဆက်စက်မှုရှိနေလို့ပါ။
ထို့ကြောင့် တည်ဆောက်ရေးလုပ်တဲ့အခါမှာ လိုအပ်သော Documents တွေမှာ သတ်မှတ်ထားသော စံချိန်စံနှုန်း density တွေကို ဖော်ပြီး လုပ်ဆောင်ခိုင်းခြင်းပါ။
soil strengthening အတွက် လုံလောက်သော ဂုဏ်သတ္တိရအောင် အခြား Methods များရှိသော်ညားလည်း Compaction သာလျှင် (@Optimum Moisture Content) a sub grade under a pavement structure or other foundation အတွက် အသုံးအဝင်ဆုံး Method ဖြစ်ပါသည်။

COMPACTION ဖြစ်အောင် Soil ကို Energy
သက်ရောက်ရန် အောက်ပါ အချက်များနှင့် ပြုလုပ်နိုင်ပါသည်။
1. Kneading
2. Static weight
3. Vibration
4. Impact
5. Explosives
Factors affecting Compaction1. Kneading
2. Static weight
3. Vibration
4. Impact
5. Explosives
MOISTURE CONTENT သည်သာ Compaction ပေါ်မူတည်ခြင်းမဟုတ်ပေ။ soil type & compaction effort သည်လည်းပဲ Compaction ကို သက်ရောက်စေနိုင်ပါသည်။
Effect of soil type
grain-size distribution, shape of the soil grains, specific gravity of soil solids, and amount and type of clay minerals present တွေသည် maximum dry unit weight နှင့် optimum moisture content တွေအား လွှမ်းမိုးနိုင်ပါသည်။
Effect of Compaction Effort
COMPACTION EFFORT မြင့်တာနှင့် တပြိုင်နက် maximum dry unit weight of compaction သည်လည်း လိုက်မြင့်လာပါသည်။
Compaction effort (compactionဖြစ်အောင် အားစိုက်ထုတ်မှု) များလာသည်နှင့် တပြိုင်နက် optimum ace content သည် နိမ့်ကျသွားပေမည်။
ပထမအချက်သည် Soil types အားလုံးအတွက် မှန်ကန်ပါသော်လည်း degree of compaction သည် compaction effort နှင့် တိုက်ရိုက် အချိုးမကျခြင်းကို သိမှတ်ထားရပါမည်။
(ထပ်တိုးဆိုလိုချင်တာကတော့ အားပေးလိုက်တယ်(မြေကြီးကို) လိုအပ်သော ရေလျော့သွားမည်၊ compaction ဖြစ်လာသော degree သည် တဖြည်းဖြည်း မြင့်တက်သွားသည့်နှင့် အလိုက် Compaction effort (compactionဖြစ်အောင် အားစိုက်ထုတ်မှု)သည်လည်း တဖြည်းဖြည်းနည်းသွားမည်ဟု သဘောပေါက်မိပါသည်။))*
#CREDIT
Comments
Post a Comment