မြေတူးနည်း(၁၀)နည်း
![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBT7eb9_sys5Ij40BAZGWdfraDrlu1zDwK4ElgjYAa9iIBbXzt1KODiT5nuNxB1LbElNnuG827E74-EltGYn-0pn4zLPaf_2HPsab8dywoPaiiVr2a1MxaAimYoxpaVLFejVDbCWupZ7IE/s320/1.jpg)
၁၆၃ ၊ မြေတူးနည်း(၁၀)နည်းရှိပါသည်။ ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ပါဘူး 😩 😩 အင်ယာများ အထူးသဖြင့် လိုင်စင်အင်ယာများ အချိန်လေးပေးပြီး ဖတ်ပေးပါ ကျန်သူငယ်ချင်းများ ကျော်သွားကြပါကုန်။ ၁။ သူများ site မှာ ဒီအတိုင်းတူးတာ ဘာမှမဖြစ်ဘူး။ ၆ပေလောက်တူးရတာ deep excavation လိုလို့လား ဗျာတဲ့ မကြာခဏ ကြားရတဲ့စကားပါ။ ဒီပုံတွေကြည့်ရသလောက်တော့ တူးထားတာအနည်းဆုံး ပေ ၂၀ လောက် ရှိမယ်။ စည်ပင် သတ်မှတ်ချက်အရ မြို့တွင်း ၄' ၆" နှင့် အထက် မြေကြီးတူးမယ်ဆို Temporary Earth Retaining Structure ( TERS ) Design တင်ပြရပါတယ်။ မြေသားဖွဲ့စည်းပုံကြောင့် တူးမယ့် depth ခြင်း တူသော်လည်း design မတူနိုင်ကြောင်း အကြမ်းဖျင်း သဘောပေါက်ဖို့ လိုပါတယ်။ ၂။ စည်ပင် design department, HIC, CQHP တို့မှာ သတ်မှတ်စံနှုန်းနဲ့အညီ တွက်ချက်ထားတဲ့ အဆောက် အဦး တွေကိုသာ ဆောက်လုပ်ခွင့်ချထားပေးတာပါ။ ဒီ site မှာလည်းTERS design ရှိမှာပါ။ ခုလုပ်ထားတဲ့ ပုံကို စည်ပင်က ခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး။ ခွင့်ပြုခဲ့တဲ့ပုံကို၊ LC က မလုပ်တာ နေပါလိမ့်မယ် (TERS က ဈေးကြီး တာကိုး သူတို့စိတ်ထဲ ဒါဟာ အပိုကုန်...