Posts

Showing posts from 2017

TYPES OF FOUNDATIONS

Image

Design procedures for R.C structures

save ထားပြီး လေ့လာပါရန် Design procedures for R.C structures Structural designer တစ်ယောက် အနေနဲ့ R.C structure တစ်ခုကို design တွက်ချက်မယ်ဆိုရင် သိထားသင့်တဲ့ procedures လေးတွေဝေမျှချင်ပါတယ်ခင်ဗျ Step.1 Collection of relevant datas လိုအပ်မယ့်အချက်လက်တွေစုဆောင်းခြင်း ဥပမာ Architectural drawings,soil investigation report လိုမျိုးတွေ အစရှိသဖြင့်ပေါ့လေ Step.2 စံချိန်စံညွှန်းStructural specifications တွေပြင်ရမယ် Steel & Concrete grade တို့လို design အတွက်လိုမယ့် input parametersမျိုး တွေပါ Step.3 Architect နဲ့ M&E သမားတွေ ရဲ့ပုံတွေကိုသေချာလေ့လာရမယ် ဘယ်အချက်တွေက မိမိလုပ်မယ့် structural design အပေါ်လွှမ်းမိုးမှုရှိနိုင်တယ်ဆိုတာ လေ့လာရမယ် လိုအပ်ရင် architect,M&E အင်ဂျင်နီယာ,client တို့နဲ့သေချာဆွေးနွေးသင့်တယ် (Team work ရှိဖို့လိုပါတယ် ညှိနှိုင်းမှုတွေလုပ်ဖို့လိုပါတယ် တယူသန်လို့မရတာလေးသတိပြုပါ) Step.4 ကိုယ့်အဆောက်ဦးကို ကြံ့ခိုင်မှု ,Architectural requirement,ကုန်ကျစရိတ်.သက်ဆိုင်ရာက ထုတ်ပြန်ထားချက်တွေ စတာတွေအားလုံးနဲ့အကျုံးဝင်အောင် designer က သင့်တော်တဲ့Structural system ...

•မျိုးဆက်သစ် အင် ဂျင် နီယာများအတွက်•

•မျိုးဆက်သစ် အင် ဂျင် နီယာများအတွက်•   မြန်မာနိုင် ငံမှာ ယ နေ့ထိSoil ကိုလေ့လာတဲ့ Geotechnical Engineer ရှားပါးပါတယ် PE ခေါ် Professional Engineer အဆင့် လက်မှတ် ရထားတဲ့ Soil Engineer ဆိုတာ လက်ချိုးရေလို့ရ နေဆဲပါ ... BE ပြီးလို့ ME တန်း ဝင် ခွင့် ဖြေကြရင် လဲ Structure မှ Structure ဖြစ်နေကြဆဲပါ ဘာလို့လဲဆိုတော့ Soil တို့ Hydraulic တို့ ရဲ့ အ ရေးပါပုံကို ပြောပြမယ့်သူနည်းပါးနေတုန်းမို့ပေါ့ ... ကျနော်ကိုယ်တိုင် လဲ Design သမားပါ ဒါပေမယ့် Structure သမားဆိုတာ (ကျနော်တို့ဆရာထိုက်..ပြောသလို) Soil ကို လွှတ်ထားလို့မရပါဘူး လေ့လာနေရမှာပါ...ဘာလို့လဲဆိုတော့ Super-structure ရှိရုံနဲ့ Sub-structure(foundation)မပါပဲနဲ့ Complete Structure မဖြစ်လာနိုင် လို့ပါပဲ .. Foundations:Their importance and purpose All engineered construction resulting on the earth must be carried by some kind of interfacing element called a Foundation. It is evident on the basis of this definition that a foundation is the most important part of the engineering system. Reference:Chapter(1) General Principles of F...

Sharing My Tiny Enginnering Knowledge Soil Liquefaction

Image
Sharing My Tiny Enginnering Knowledge Soil Liquefaction အကြောင်းလေးလေ့လာမိသလောက်ပြန်ဝေမျှချင်ပါတယ်။ Liquefaction ဆိုတာ ငလျင်လှုပ်တဲ့အခါမှာ ဖြစ်လာတဲ့ Pressure ကြောင့် မြေကြီးရဲ့ water-saturated sandy layer တွေက အရည်လိုမျိုး ပြုမူသွားတဲ့အခြေအနေကိုခေါ်ပါတယ်။ (Normal pressure) ပုံမှန်အနေနဲ့ Soft Sand များဟာ ရေနဲ့ ပြည့်ဝနေနိုင်သော်ငြားလည်း Sand grains လေးတွေရဲ့ တခုနဲ့ တခု ထိစပ်မှုတွေကနေ Friction ပေါ်ပေါက်လာပြီး သူ့ ရဲ့  Stength (သို့ ) Hardness ကိုရရှိထားနိုင်ပါတယ်။ (Intense pressure) ငလျင်လှုပ်ခတ်မှုကနေပြီးတော့ ရေကို Pressure တိုးလာမယ့် အားတခုသက်ရောက်လိုက်ပါတယ်။ လုံလောက်တဲ့ Pressure ကိုရောက်ပြီဆိုရင် ရေကနေပြီးတော့ Sand Grains တွေကြားထဲကိုရေကိုရောက်စေပြီး သူတို့ ရဲ့ Friction ကို Break ဖြစ်သွားစေပါတယ်။ ဒါကနေပြီးတော့ Liquefaction ကိုဖြစ်ပေါ်စေပါတယ်။ Credit: California Watch Research Liquefaction (Geotechnical Aspects) Liquefaction ကိုဖြစ်ပေါ်စေတာအချက်ကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ Shock Wave (or) Cyclic Loading ကြောင့် Soil ရဲ့ Pore Pressures ကို Effective Pressure=Zero အခြေအနေထိ Temporary တို...

Structural Tips(26)

Image
Structural Tips(26) OMRF/IMRF/ SMRF အလွယ်ခွဲခြားခြင်း မျိုးဆက်သစ်များအနေနဲ့ Site တစ်ခုကိုစရောက်ပြီဆိုရင် ကိုယ့် Site ဟာ ငလျင်ဒဏ်ကိုစဉ်းစားပြီး ဒီဇိုင်းတွက်ထုတ်တည်ဆောက်ထားတာလား မစဉ်းစားထားသလားဆိုတာ အရင်သိထားဖို့လိုပါတယ် ဒါမှသာ Inspection ပိုင်း Responsibility ပိုင်း မပေါ့လျော့သင့်တာ သတိကပ်ပြီး စိုးရိမ်တတ်မှာပါ Seismic လား Non-seismic လားက Myanmar Earthquake Zones Map လေး ရှိနေရင် အကြမ်းဖျင်းခွဲခြားလို့ရပါတယ် (1)Ordinary Moment Resisting Frame OMRF ဆိုရင် Non-seismic ပါ ငလျင်ကို မစဉ်းစားထားပါဘူး ဒါကြောင့် ရိုးရိုး Ordinary Moment Resisting Frame လို့ခေါ်တယ် ဘာရိုးသလဲဆို သံဆင်တာရိုးတယ် လွယ်တယ် (သူ့ရဲ့ Response Modification Factor, R = 3.5) Column အတွက်ဆို Floor level မှာ lapping ဆက်တယ် Beam အတွက် lapping ဆိုလဲ Column strip အတွင်းမှာ ဆက်တယ် တားမြစ်ချက် သိပ်မရှိဘူး ဒါက ၃ထပ်အောက်အထပ်နိမ့်တွေမှာ ဟိုးရှေးရှေးက လုပ်နေကျလုပ်ရိုးလုပ်စဉ်ပေါ့ အရင်ခေတ်က E.quake နဲ့ပတ်သက်ပြီး Design Knowledge သိသူနည်းခဲ့ကြလို့ဖြစ်ပါမယ် ဒီခေတ်ကတော့ facebook နဲ့ google ကျယ်ကျယ်ပြန့်ပြန့်သုံးလာတဲ့အတွက် အရင်ခေတ်ထက်စာရ...

MAPS OF MYANMAR

Image
MAPS OF MYANMAR   seismic အကြောင်း စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။ စစ်ကိုင်း ပြတ်ရွေ့ကြော က တစ်နှစ်ကို 18mm/yr ရွေ့နေပါတယ်။seismic zone I, II, III, IV, V ကို near source factor တွေနဲ့ ခွဲတဲ့အခါ zone ငါးခုအထိတော့ သတ်မှတ်ထားပါတယ်။ ပုံတွေ တစ်ပုံချင်းထောက်ကြည့်သွားပါ။ theory လို့  page name ပေးထားတဲ့ အတွက် နောက် post မှာ near source factor, seismic zone factor, seismic coefficient , site class, seismic source type တွေကို UBC VS MNBC တွဲပြီးတင်သွားပေးပါ့မယ်။ MNBC ကတော့ ASCE 7-05 ကိုအခြေခံထားတယ်လို့  အကြမ်းဖျဉ်းသိထားပါတယ်။     Theory  

Approaching Geotechnical Engineering 3

Image
Approaching Geotechnical Engineering 3 ဆောက်လုပ်ေ၇း လုပ်ငန်းခွင်တွေမှာ existing soil တွေက အမြဲတမ်း super structure ကို support လုပ်ပေးနိုင်တယ်လို့ ယူဆလို့ မ၇ပါဘူး။ foundation design တွေ တွက်ချက်တဲ့ အခါမှာလဲ soil ၇ဲ့ bearing capacity ပေါ်မူတည်ပြီး တွက်တယ်​။ soil အမျိုးအစားတွေထဲ မှာ ကိုင်တွယ်၇ခက်တဲ့ အမျိုးအစားကတော့ soft soil (Class E and greater) တွေပဲဖြစ်ပါတယ်။ ဘာလို့ ဆို consolidation က early time မှာ ပေါ်လို့ ပါပဲ။ နောက်တစ်ချက်က soil design strength ကို နှောင့်ယှက်တဲ့ factors တွေ အများကြီး ၇ှိတဲ့ အတွက် undrained strength (su) ,design strength ကိုလဲ သတိထား၇ပါတယ်။ settlement ကလဲ critical condition ပါ။ ဒါကြောင့် soft ground engineering ဘာသာ၇ပ်ဆိုပြီး အထူးပြု လေ့လာတဲ့ အပိုင်းတွေ ဖြစ်လာပါတယ်။ 1. Soft ground ဆိုတာ ဘာလဲ။ သူ့ ၇ဲ့  ပြသနာကဘာလဲ။ SPT တန်ဖိုးတွေနဲ့  soil ကို အမျိုးအစား ခွဲတာကိုေ၇ှ့ မှာ ပြောပြီး ဖြစ်ပါတယ်။ SPT (N value) < 2-4 ထက် နည်းတဲ့ clay အမျိုးအစားတွေကို soft soil အနေနဲ့ သတ်မှတ်ပါတယ်။ သဲဆို၇င်တော့ SPT (N value) < 5 ဆို၇င် loose sand ဆိုပြီး သတ်မှတ်ပါတယ်။ soft ground ဆ...